Spots news

ဘော်လွန်းဒီအော်ဆုရှင်အဖြစ် ကန်တီကို ထောက်ခံလိုက်တဲ့ ပေါ့ဂ်ဘာ

Unicode Version

ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာက ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ လက်ရွေးစင်အသင်းဖော် ကန်တီအနေနဲ့ ယခုနှစ် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်ဖို့ ထိုက်တန်မှုအပြည့်ရှိတယ်လို့ ထောက်ခံသွားပါတယ်။

ကန်တီဟာ ၂၀၁၉-၂၀ ရာသီက ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ၂၀၂၀-၂၁ ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အထူးသဖြင့် ရာသီအဆုံးသတ်ကာလမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိ ကန်တီဟာ ရီးရဲလ်ကို ကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် နှစ်ပွဲစလုံးနဲ့ ဗိုလ်လုပွဲတွေမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုတွေရယူနိုင်ခဲ့ရာ ယခုနှစ်ဘော်လွန်းဒီအော်ဆုရှင်ဖြစ်ဖို့ ရေပန်းစားနေပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကလည်း ”ဘောလုံးလောကတစ်ခုလုံးက အခုချိန်မှာ ကန်တီမှကန်တီဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ အခုမှ သူ့ကောင်းကြောင်းတွေအများကြီးပြောနေကြပေမယ့်

တကယ်တမ်းကျတော့ ကန်တီက အမြဲတမ်း ခြေစွမ်းပြနိုင်သူပါ ။ ဆီမီးဖိုင်နယ်မှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့မပါဝင်တော့လို့ ကွင်းလယ်လူတွေ၊ နောက်ဆုံး နောက်ခံလူတွေရဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ရတာ ကောင်းပါတယ်”

”တကယ်လို့ ချဲလ်ဆီးအသင်း အနိုင်ရခဲ့ရင် ဘော်လွန်းဒီအော် ဆုရှင်ဖြစ်ဖို့ ကန်တီ ထိုက်တန်လိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ကန်တီဟာ အမြဲတမ်း ခြေစွမ်းကောင်းတွေ ပြသနိုင်ပြီး

သူ့ရဲ့လုပ်ဆောင်ချက် တွေကိုလည်း ကျွန်တော် မအံ့သြပါဘူး။ အခုချိန်အထိ လုပ်နိုင်သေးတာကိုပဲ အံ့အားသင့်နေတာပါ”လို့ ပေါ့ဂ်ဘာက ပြောပါတယ်။