Spots news

မီလန်မှ အလွတ်နဲ့ အရခေါ်ယူနိုင်‌ချေရှိတဲ့ မန်ယူနိုက်တက်ရဲ့ ပစ်မှတ် တူရကီကြယ်ပွင့် ဟာနိုဂလူး

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မီလန် အသင်းမှ တူရကီကြယ်ပွင့် ကွင်းလယ် ကစားသမား ကို ခေါ်ယူသွားဘို့. ဆွေးနွေးမှု တွေ စတင် ပြုလုပ်နေပြီ လို့ သိရပါတယ် ။ဟာနိုဂလူး ဟာ လက်ရှိအချိန်မှာ တော့ မီလန်အသင်းနဲ့

စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ကစားသမားကို အင်အားကြီး အသင်းတွေက ခေါ်ယူဘို့. ချိတ်ဆက်နေတာတွေ့ရပြီး ယူနိုက်တက်အသင်း က လည်း အပါအဝင် ဖြစ်လို့နေပါတယ်။

ယူနိုက်တက်အသင်း သည် ဟာနိုဂလူး ကို အစောပိုင်းကာလကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားချင်နေတာကြောင့် မီလန်နဲ့ သက်တမ်းတိုးဖို့ထက် အသင်းပြောင်းဖို့ကိုပဲ စိတ်အားထက်သန်လို့နေပါတယ်။

ဟာနိုဂလူး ကို ယူနိုက်တက်အသင်းနဲ့အပြိုင် လီဗာပူး အာစင်နယ် ဂျုဗင်တပ် အသင်းတွေကပါ အပြိုင်စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထက် အသာရနိုင်ဖို့ ယူနိုက်တက်အသင်းက ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဟာနိုဂလူး ဟာ မီလန်အသင်းရဲ့ အဓိက ကစားသမား 1 ယောက်ဖြစ်ပြီး အသင်းကို ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမား လည်းဖြစ်တာကြောင့် မီလန်ဘက်ကနေ ကစားသမားကို အသင်းမှာပဲ

ဆက်လက်ထိန်းသိမ်းချင်နေတာဖြစ်ပေမယ့် အခုအချိန်ထိတော့ ဟာနိုဂလူးအနေနဲ့. မီလန်ဘက်က ကမ်းလှမ်းမှုကို လက်ခံသွားမယ့် အရိပ်အယောင်မျိုးကို မမြင်တွေ့ထားရပါဘူး။

ဒါ့အပြင်ဟာနိုဂလူးအနေနဲ့ တူရကီအသင်းနဲ့ ယူရိုပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲပြီးမှပဲ သူရဲ့အနာဂတ်ကို စတင်စဉ်းစားနိုင်တာဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေက အပြိုင်အဆိုင်ကို ကြိုးပမ်းနေကြရတာဖြစ်ပါတယ်။

ဟာနိုဂလူး ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း မီလန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း  43 ပွဲအထိကို ပါဝင်ကစားဖြစ်ခဲ့တဲ့ ကွင်းလယ် ကစားသမား ဟာနိုဂလူး သည် စုစုပေါင်းသွင်းဂိုး 9 ဂိုး သွင်းယူနိုင်ခဲ့ပြီး 12 ဂိုးအထိ

ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း နာမည်ကြီး လိဂ်  5 ခုအတွင်းမှာ အခွင့်အရေးများစွာ ဖန်တီးပေးနိုင်တဲ့ ကစားသမားတွေထဲမှာ Chance Created ပေါင်း  98 ကြိမ်နဲ့ ထိပ်ဆုံးနေရာကပါ ရပ်တည်လို့နေပါတယ်။