Spots news

ဟယ်ရီကိန်း ဆက်ရှိနေမှ စပါးကို နည်းပြတာဝန်ယူမည့် ကွန်တီ

Unicode Version

တိုက်စစ်မှူးဟယ်ရီကိန်းကို ဆက်လက်ထိန်းသိမ်းနိုင်မှသာ စပါးနည်းပြရာထူးကို အန်တိုနီယိုကွန်တီ လက်ခံလိမ့်မယ်လို့ The Times သတင်းစာကဖေါ်ပြလိုက်ပါတယ်။

အသက် ၅၁ နှစ်အရွယ် အီတလီသားနည်းပြဟာ အင်တာမီလန်ကထွက်ခွာခဲ့ပြီးတဲ့နောက် လန်ဒန်မြောက်ပိုင်းကလပ်နဲ့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။

ဒီနေရာမှာ ဟယ်ရီကိန်းက အဓိကကျနေသလို အသင်းကိုပြန်လည်တည်ဆောက် ရေးအတွက် ဈေးကွက်မှာငွေသုံးခွင့်ပေးဖို့လည်း ကွန်တီကတောင်းဆိုနေတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ဆုဖလားတွေရယူနိုင်ဖို့ စပါးနဲ့လမ်းခွဲချင်တယ်လို့ တရားဝင်ပြောပြီးသားပါ။

အဲဒီနောက်မှာလည်း မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ အသံတွေကြားနေရပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းကွန်တီကတော့ အင်တာမီလန်ကို စီးရီးအေဖလားရယူပေးပြီးတဲ့နောက်

ကျောခိုင်းခဲ့တာဖြစ်ပြီး စပါးဥက္ကဌဒန်နီရယ်လီဗိုင်းနှစ်သက်သူဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားကို

စတမ်းဖို့ဒ်ဘရစ်ချ်မှာရယူခဲ့ဖူးတဲ့ အီတလီသားဟာ သူတို့နည်းပြဟောင်း လက်ရှိပီအက်စ်ဂျီကိုကိုင်နေတဲ့ ပိုချက်တီနိုထက် ပိုပြီးမက်စရာဖြစ်နေပါတယ်။

ပြင်သစ်ကလပ်ကလည်း ပိုချက်တီနိုနဲ့ဆက်လက် လက်တွဲသွားမယ်လို့ဆိုထားတာကြောင့် လီဗိုင်းဟာ ကွန်တီနဲ့ဆွေးနွေးတဲ့အဆင့်ထိ ရောက်လာခဲ့ရတာပါ။

ကွန်တီနဲ့လီဗိုင်းကြားမှာ လုပ်ခလစာတောင်းခံမှုနဲ့ပတ်သက်ပြီး ပေါင် ၂.၆ သန်း ကွာဟနေတယ်လို့လည်း နာမည်ကျော်အီတလီဂျာနယ်လစ်ရိုမာနိုက ဆိုပါတယ်။ ကွန်တီဟာ မနှစ်က အင်တာမှာ ပေါင် ၁၁.၂ သန်းရခဲ့တာပါ။