Unicode Version
မန်ယူအသင်းရဲ့ဂန္ဓဝင်နည်းပြကြီးဖာဂူဆန်ဟာ မန်ယူအသင်းရဲ့ ဗဟိုနောက်ခံလူ နေရာမှာ ရီးရဲယ်မက်ဒရစ် အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမိုစ့်ကို ခေါ်ယူသင့်ကြောင်း မန်ယူတီဗီနဲ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ဖာဂူဆန်က သူ့နည်းပြအဖြစ် ဆောင်ရွက်စဥ်က ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဘလန့်ကို ခေါ်ယူခဲ့ပြီးအသင်းမှ လူငယ်ကစားသမားတွေကို သင်ကြားပေးခဲ့တာနဲ့ နှိုင်းယှဉ် ပြောသွားခဲ့တာပါ။
ဖာဂူဆန်က ဝါရင့်ကစားသမား ခေါ်ယူရန်ပြောဆိုခဲ့တာဖြစ်ပြီး မည်သူရယ်လို့ ညွှန်းဆိုခဲ့တာမရှိပေမယ့် မီဒီယာတွေကတော့ ရီးရဲယ်အသင်း ဗဟိုခံစစ်မှူးကို ရည်ညွှန်းတယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။
အဆိုပါဝါရင့် ကစားသမားတွေထံမှ အောင်ပွဲကိုဆာလောင်စိတ်နဲ့ အောင်မြင်မှုရဲ့အရသာကို လူငယ်ကစားသမား လေးတွေကို လက်ဆင့်ကမ်းသင်ကြားဖို့က အရေးကြီးကြောင်း ဖာဂူဆန်ကဆိုပါတယ်။ အသက်၃၄နှစ်အရွယ် စပိန်နောက်ခံကစားသမားဟာ
စပိန်လက်ရွေးစင် အသင်းမှာလည်း ရွေးချယ်ခြင်း မခံရတာကြောင့် အခုနွေရာသီမှာ အနားရထားသူလည်း ဖြစ်နေပါတယ်။ ရာမိုစ့်ကို ရီးရဲယ်အသင်းက လစာလျှော့ချပြီး တစ်နှစ်သက်တမ်းတိုးချုပ်ဆိုဖို့ ညှိနှိုင်းနေပေမယ် ကစားသမားဘက်က လက်မခံဘဲ အသင်းကနေထွက်ခွါဖို့ဆုံးဖြတ် လိုက်တာပါ။
ရာမိုစ့်ကို ရီးရဲယ်အသင်းက လစာလျှော့ချပြီးတစ်နှစ်သက်တမ်း တိုးချုပ်ဆိုဖို့ ညှိနှိုင်းနေပေမယ့် ကစားသမားဘက်က လက်မခံဘဲ အသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်လိုက် တာပါ။ ရာမိုစ့်ကိုခေါ်ယူဖို့လဥရောပထိပ်တန်း အသင်းအတော်များများက
စိတ်ဝင်စားနေပြီး သူ့ရဲ့မြင့်မားတဲ့ လစာကြောင့် လက်တွန့် နေကြတာပါ။ ရာမိုစ့်ကိုသာ မန်ယူအသင်းအနေနဲ့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သီရာဂိုဆေးဗားကို ခေါ်ယူထားလို့ အကျိုးများခဲ့တဲ့ ချဲယ်ဆီလ်း အသင်းလိုမျိုး ဖြစ်လာနိုင်ပါတယ်။