Spots news

မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေတဲ့ ပီအက်စ်ဂျီ

Unicode Version

ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီ အသင်းဟာ ဂျူဗင်တပ်အသင်း နှင့် အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး နည်းပြ အယ်လဂရီနဲ့ ပါ အဆင်မပြေ ဖြစ်နေတဲ့

ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူး ရော်နယ်ဒိုကို ယခုနွေရာသီ အပြောင်းအရွေ့ကာလမှာ ခေါ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း စပိန်သတင်းဌာန ဖြစ်တဲ့ AS သတင်းစာက ဖော်ပြလာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လာမည့် ၂၀၂၂ ခုနှစ် ဇွန်လမှာ ဂျူဗင်တပ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး နည်းပြသစ် အယ်လီဂရီက ယခုနွေရာသီ ရောင်းချရန် ဘုတ်အဖွဲ့နဲ့ ဆွေးနွေးလျက် ရှိပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လစာ ယူရို ၃၁ သန်းအထိရရှိနေပြီး နည်းပြသစ် အယ်လီ ဂရီ၏ အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့ကြောင်း သတင်းများက ဆိုပါတယ်။

လက်ရှိအချိန်မှာ ပီအက်စ်ဂျီ အသင်းဟာ ရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူ ဂျော့မန်ဒက်စ် နဲ့ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပါက ဂျုဗင်တပ်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။

ဂျုဗင်တပ်အသင်းဟာ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းမှုကိုသာ ရရှိခဲ့ရင် တိုက်စစ်မှူး ရော်နယ်ဒိုကို ရောင်းချသွားမည်ဟု သတင်းများအရသိရပြီး ယူရို သန်း ၃၀ ခန့် ရလျှင်

ကစားသမားကို လက်လွတ်သွား ဖွယ်ရာရှိပေမယ့် ပီအက်စ်ဂျီ အသင်းကတော့ တိုက်စစ်မှူး အီကာဒီနဲ့ အလဲအလှယ် ပြုလုပ်လို‌နေပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူဖို့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကလဲ စိတ်ဝင်စားလျက်ရှိပြီး သူတို့ရဲ့ ပရိတ်သတ် အချစ်တော် ဂန္ဓဝင်ကစားသမားကို အသင်းသို့

ပြန်လည်ခေါ်ဆောင်လိုလျက် ရှိနေပါတယ်။ ရော်နယ်ဒိုကလဲ အသင်းဟောင်းရဲ့ တရားဝင် ကမ်းလှမ်းမှူကို ရရှိပါက ယူနိုက်တက်သို့ ပြောင်းရွှေ့ဖွယ်ရာ ရှိပါတယ်။