Spots news

အဲ‌ဗာတန်မှ ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့ ရစ်ချာလီဆန်တို့ အသင်းပြောင်းရွေ့ဖွယ်ရှိ

Unicode Version

သတင်းတွေရဲ့ ဖော်ပြချက်အရ အဲဗာတန်နည်းပြရာထူးကနေ အန်ဆယ်လော့တီ မထင်မှတ်ဘဲ ထွက်ခွာသွားပြီးနောက်

တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ရစ်ချာလီဆန်တို့လည်း အသင်းပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီလက်ထက်မှာ အဲဗာတန်ဟာ ဥရောပဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် အီတလီနိုင်ငံသား အန်ဆယ်လော့တီက ဇီဒန်းရဲ့နေရာမှာ ရီးရဲလ်နည်းပြအဖြစ် တစ်ကျော့ပြန်အစားထိုးတာဝန်ယူခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ယခုနွေရာသီအတွင်း ဘရာဇီးလက်ရွေးစင် ရစ်ချာလီဆန်ကို ခေါ်ယူဖွယ်ရှိနေပြီး The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အန်ဆယ်လော့တီနဲ့

ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ရစ်ချာလီဆန်နဲ့ ရိုဒရီဂွက်ဇ်တို့ဟာ သူတို့နည်းပြကြီးရဲ့ထွက်ခွာမှုအပေါ် အံ့အားသင့်နေပြီး အဲဗာတန်ကနေပါ သူတို့လည်း ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၆ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် လိဂ်နောက်ဆုံး ၆ပွဲမှာ ၁ပွဲသာ ကစားနိုင်ခဲ့ပြီး

ရစ်ချာလီဆန်ကလည်း ၇ဂိုးပဲသွင်းယူနိုင်ခဲ့ပေမယ့် အီကွေဒေါကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲမှာ ဘရာဇီးအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။