Spots news

မွေးရပ်မြေကို ပြန်လည်ပြောင်းရွေ့ဖို့ ရှိနေတဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ မာတာ

Unicode Version

မာတာနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်ဟာ ယခုလအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့

ထွက်ခွာနိုင်ပေမယ့် ယူနိုက်တက်ဖက်က သူ့ကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ထိန်းထားဖို့ အလိုရှိနေတယ်လို့သိထားရပါတယ်။

တစ်ဖက်မှာတော့ စပိန်ကွင်းလယ်ကစားသမားဟာသူ့ကို အခုအချိန်ထိ ယူနိုက်တက်အသင်းဘက်ကနေ ကမ်းလှမ်းမှု

မရှိသေးတာကြောင့် အခြား အသင်းသစ်တစ်သင်း ကိုရှာဖွေနေတယ်လို့ ကြားရပါတယ်။

မာတာရဲ့အေးဂျင့်ဖြစ်သူက သူ့ကစားသမားဟာမွေးရပ်မြေကို ပြန်ဖို့ရှိနေကြောင်းပြောကြားခဲ့ပြီးလာလီဂါကလပ်အသင်းတွေနဲ့ဆွေးနွေးနေကြောင်းကိုထုတ်ဖေါ်ပြောထားပါတယ်။

မာတာဟာ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်မှာ ဝုလ်ဗ်ဖက်ကို ဂိုးသွင်းနိုင်ခဲ့ပေမယ့် အသက် ၃၃ နှစ်အရွယ် ကစားသမားကြီးဟာ တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံ ၁၀ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

ပွဲအများစုမှာ လူစားဝင်ကစားသမားအဖြစ်သာကစားခွင့်ရရှိမှုကို မာတာကစိတ်ပျက်ခဲ့ပြီးသူ့ရဲ့လက်ရှိကြံ့ခိုင်မှုအနေအထား အရပွဲပေါင်းများစွာကစားနိုင်သေးကြောင်းသက်သေပြချင်နေတာပါ။