Spots news

မန်ချက်စတာ ယူနိုက်တက် လိုချင်နေတဲ့ ထရစ်ပီယာကို ဘယ်လာရင်နဲ့ ကမ်းလှမ်းမယ့် အာဆင်နယ်

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာကို

ခေါ်ယူသွားဖို့ ပြင်ဆင်နေခဲ့ပေမယ့် အာဆင်နယ်အသင်းက ထရစ်ပီယာကို ခေါ်ယူနိုင်ရေးမှာ ယူနိုက်တက်ထက် လက်ဦးမှု ရယူနိုင်ဖို့အတွက်

အသက်လက်တီကို အသင်းဘက်ကနေ အလိုရှိနေတဲ့ စပိန်ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကိုပါ ပြောင်းရွှေ့ကြေးရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

အသက်(၃၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ၂၀၁၉ခုနှစ်ကမှ စပါးအသင်းကနေ လာလီဂါထိပ်သီးကလပ် အသက်လက်တီကို မက်ဒရစ်

အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းနဲ့အတူ စပိန်လာလီဂါဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးအသင်းမှာပါ ထည့်သွင်းရွေးချယ်ခံခဲ့ရတဲ့ ထရစ်ပီယာဟာ

အင်္ဂလန်ကို ပြန်သွားဖို့ ဆန္ဒရှိနေတာကြောင့် သူ့ကို ယူနိုက်တက်အသင်းအပြင် အာဆင်နယ်အသင်းပါ အပြိုင်ကမ်းလှမ်းလာရတာဖြစ်ပါတယ်။

ဘန်လေနဲ့ စပါးအသင်းတို့ရဲ့ ကစားသမားဟောင်းကို ယူနိုက်တက်အသင်းဘက်ကနေ ခေါ်ယူသွားဖို့ ပြင်ဆင်မှုတွေ ရှိနေခဲ့ပေမယ့် ဒီအခြေအနေကို စောင့်ကြည့်နေတဲ့

အာဆင်နယ်အသင်းက ထရစ်ပီယာကို ယူနိုက်တက်ထက် လက်ဦးမှုရယူကာ ကြားဖြတ်ခေါ်ယူနိုင်ဖို့ စီစဉ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ထရစ်ပီယာအတွက် ပြောင်းရွှေ့ကြေးအပြင် အသက်လက်တီကိုအသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အသင်းရဲ့ ညာနောက်ခံကစားသမား ဘယ်လာရင်ကိုပါ

အလိုက်ပေး ကမ်းလှမ်းသွားမှာ ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးရော နေရာတူမှာ ကစားတဲ့ ကစားသမားတစ်ဦးပါ ပြန်လည်ရရှိမှာဖြစ်လို့ ဒီကမ်းလှမ်းချက်ကို အသက်လက်တီကိုဘက်ကနေ လက်ခံဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ငယ်စဉ်ကတည်းက မွေးရပ်မြေက ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးလာခဲ့တဲ့ ထရစ်ပီယာဟာ အာဆင်နယ်အသင်းထက်

ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာမြို့မှာပါ နေအိမ်ရှာဖွေနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်လို့နေပါတယ်။

အသင်း(၂)သင်းလုံးအနေနဲ့ ထရစ်ပီယာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းရဖွယ်လည်း ရှိနေပါတယ်။