Spots news

နိုင်ငံပွဲက ဖရီးကစ်ဂိုးက ဘရူနိုဖာနန်ဒက် သင်ပေးတာပါဆိုတဲ့ အာမက်ဒီယာလို ထရာအိုရေး

Unicode Version

ယူနိုက်တက်လူငယ် တိုက်စစ်ကစားသမား အာမတ် ဒီယာလို ထရာအိုရေးဟာ ယမန်နေ့ကယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံအသင်းပွဲစဉ်မှာ ထပ်ဆောင်းအချိန်ပို နောက်ဆုံး မိနစ်အရောက် လှပသေသပ်လှတဲ့ အလွတ် တည်ကန်ဘောနဲ့ အိုင်ဗရီကို့စ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက်ဆီသို့ ရောက်ရှ်လာတဲ့ ဒီယာလိုဟာ
နည်းပြ ဆိုးရှားရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိထားပေမယ့် ပရိသတ်တွေက လူငယ် ကစားသမားရဲ့ ခြေစွမ်းကို အများကြီး မျှော်လင့်ထားကြပါတယ်။

ယူနိုက်တက်ရဲ့ အသင်းဖော်တွေကလဲ ကစားသမား ရဲ့ခြေစွမ်းကို နှစ်သက် သဘောကျနေကြပြီး လူငယ် ကစားသမားလေးအပေါ် နည်းလမ်းကောင်းများ ပြသ သင်ကြားလေ့ရှိပါတယ်။ ဘရူနိုဖာနန်ဒက်စ် ၊ ဘိုင်လီ တို့က သူ့ရဲ့ ဆရာတွေပါပဲလို့ ဒီယာလိုက ပြောဆိုခဲ့ဘူးပါတယ်။

ယခုလဲ ဒီယာလိုဟာ မတ်လမှာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းအတွက် ပထမအကြိမ်ရွေးချယ်ခံရပြီး ပြီးခဲ့တဲ့ စနေနေ့ညမှာတော့ ဒုတိယအကြိမ်အဖြစ် ဘူကီးနာဖာဆို အသင်းနဲ့ ပွဲစဥ်အတွင်း လူစားဝင် ကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ဖရီးကစ်ကနေ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီလှပတဲ့ ဖရီးကစ် သွင်းဂိုးအပေါ်မှာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်မှ သိပ်ကောင်းတဲ့သွင်းဂိုးပဲ ဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။ ဖာနန်ဒက်ရဲ့မှတ်ချက်ကို အာမတ်ကလည်း “ခင်ဗျားသင်ပေးခဲ့တာပဲလေဗျာ” ဆိုပြီး ပြန်လည်အသိအမှတ်ပြုခဲ့ပါတယ်။

Zawgyi Version

ယူနိုက္တက္လူငယ္တိုက္စစ္ကစားသမား အာမတ္ ဒီယာလို ထရာအိုေရးဟာ မေန႕ကယွဥ္ၿပိဳင္ခဲ့တဲ့ နိုင္ငံအသင္းပြဲစဥ္မွာ ထပ္ေဆာင္းအခ်ိန္ပိုေနာက္ဆုံးမိနစ္အေရာက္ လွပေသသပ္လွတဲ့ အလြတ္တည္ကန္ေဘာနဲ႕ အိုင္ဗရီကို႔စ္အသင္းအတြက္ အနိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ဆီသို႔ ေရာက္ရွ္လာတဲ့ ဒီယာလိုဟာ
နည္းျပ ဆိုးရွားရဲ႕ လက္ေအာက္မွာ ပြဲထြက္ခြင့္ အနည္းငယ္သာ ရရွိထားေပမယ့္ ပရိသတ္ေတြက လူငယ္ကစားသမားရဲ႕ ေျခစြမ္းကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကပါတယ္။

ယူနိုက္တက္ရဲ႕ အသင္းေဖာ္ေတြကလဲ ကစားသမား ရဲ႕ေျခစြမ္းကို ႏွစ္သက္ သေဘာက်ေနၾကၿပီး လူငယ္ကစားသမားေလးအေပၚ နည္းလမ္းေကာင္းမ်ား ျပသ သင္ၾကားေလ့ရွိပါတယ္။ ဘ႐ူနိုဖာနန္ဒက္စ္ ၊ ဘိုင္လီ တို႔က သူ႕ရဲ႕ ဆရာေတြပါပဲလို႔ ဒီယာလိုက ေျပာဆိုခဲ့ဘူးပါတယ္။

ယခုလဲ ဒီယာလိုဟာ မတ္လမွာ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္အသင္းအတြက္ ပထမအႀကိမ္ေ႐ြးခ်ယ္ခံရၿပီး ၿပီးခဲ့တဲ့ စေနေန႕ညမွာေတာ့ ဒုတိယအႀကိမ္အျဖစ္ ဘူကီးနာဖာဆိုအသင္းနဲ႕ ပြဲစဥ္အတြင္း လူစားဝင္ကစားသမားအေနနဲ႕ ပါဝင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ ဖရီးကစ္ကေန အနိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။

ဒီလွပတဲ့ ဖရီးကစ္ သြင္းဂိုးအေပၚမွာ ယူနိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူနိုဖာနန္ဒက္မွ သိပ္ေကာင္းတဲ့သြင္းဂိုးပဲ ဆိုၿပီးမွတ္ခ်က္ေပးခဲ့ပါတယ္။ ဖာနန္ဒက္ရဲ႕မွတ္ခ်က္ကို အာမတ္ကလည္း “ခင္ဗ်ားသင္ေပးခဲ့တာပဲေလဗ်ာ” ဆိုၿပီး ျပန္လည္အသိအမွတ္ျပဳခဲ့ပါတယ္။