Spots news

ဂျော်ဂျီနာအတွက် စီရော်နယ်ဒိုပေးတဲ့ တစ်လစာမုန့်ဖိုးက ဖိုလ်ဒန်နဲ့ ဖာတီရဲ့ လစာထက်များနေ

Unicode Version

စီးရီးအေမှာ လုပ်ခလစာ အများဆုံးရရှိတဲ့သူဖြစ်သလို ဂျူဗင်တပ်အသင်းမှာလည်း လစာဝင်ငွေအများဆုံးရရှိတဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ အတူနေချစ်သူ

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို တသ်လစာ သုံးချင်တာသုံးဖို့ မုန့်ဖိုးငွေပေါင် ၈၀၀၀၀ ဝန်းကျင်ပေးလေ့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

စီရော်နယ်ဒိုအတွက် ဒီငွေပမာဏဟာ ပါတီပွဲတစ်ခု ဦးဆောင်ပြုလုပ်တာလောက်တောင် မရှိတဲ့ အသေးအဖွဲဖြစ်ပေမယ့် ဘောလုံးလောကထဲက
အတော်အသင့် နာမည်ရနေတဲ့ ကစားသမားတွေရဲ့ လစာငွေထက်တောင်

များပြားပြီး မန်စီးတီးနဲ့အတူ ဒီရာသီမှာ ခြေစွမ်းပြနိုင်ခဲ့လို့ PFA လူငယ်ကစားသမား ဆုရ ဖိုလ်ဒန်ရဲ့ လစာငွေထက်တောင် များပြားနေတယ်လို့ Tribuna က ဖော်ပြထားပါတယ်။

စပိန်နိုင်ငံသူဖြစ်တဲ့ ဂျော်ဂျီနာဟာ စီရော်နယ်ဒိုနဲ့ လက်တွဲနေတာ ကြာမြင့်နေပြီဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်သာ ရှိပါသေးတယ်။ စီရော်နယ်ဒိုနဲ့ အသက်အရွယ် ၉ နှစ်တိတိကွာဟပြီး သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စီရော်နယ်ဒိုနဲ့ ရရှိထားတဲ့ ရင်သွေးလေးအပြင် အခြားကလေး ၃ ဦး အထိရှိပြီး ဂျော်ဂျီနာကပဲ မိခင်စိတ်ဓတ်အပြည့်နဲ့ ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။

ဂျော်ဂျီနာရရှိနေတဲ့ တစ်လတာ ငွေကြေးဟာ မန်စီးတီးက ဖိုလ်ဒန်၊ ဘာစီလိုနာက ဖာတီ၊ အာဆင်နယ်က နယ်လ်ဆင်၊ ဝုလ်နောက်ခံလူ ကိုအာဒီ၊ လက်စတာက ဘားနက်စ် အစရှိတဲ့ ကစားသမားတွေထက်များပြားနေတယ်လို့ ဆိုပါတယ်။

ဖိုလ်ဒန်ကတော့ မန်စီးတီးမှာ တစ်လ ပေါင် ၆၈၀၀၀ သာရရှိနေသူဖြစ်ပြီး လက်ရှိ သူပြသနေတဲ့ခြေစွမ်းတွေကြောင့် ယူရိုပြိုင်ပွဲပြီးရင် လစာတိုးမြှင့်ခံစားရဖို့တော့ ရှိနေပါတယ်။