Spots news

ကပ်စေးနှဲ အာဆင်နယ်ဘုတ်အဖွဲ့ကြောင့် ဗီလာအသင်းဆီရောက်သွားတဲ့ ဘွမ်ဒီယာ

Unicode Version

နောဝှစ်ချ်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘွမ်ဒီယာဟာ ဗီလာအသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့တာကြောင့် မကြာခင်မှာ ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ဗီလာအသင်းထံ တရားဝင် ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

ဗီလာအသင်းဟာ ဘွမ်ဒီယာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၄သန်း + အပိုဆုကြေး (ယူရို ၆သန်း ဝန်းကျင်ရှိနိုင်) ကို နောဝှစ်ချ်အသင်းထံ ပေးချေရမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။

ကနဦးမှာ ဘွမ်ဒီယာကို ခေါ်ယူဖို့ အကြီးအကျယ် စိတ်ဝင်စားခဲ့သလို ဘွမ်ဒီယာကလည်း ပြောင်းရွှေ့ချင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဘွမ်ဒီယာအတွက် နောဝှစ်ချ်အသင်းထံ

ယူရို ၃၀သန်း ဝန်းကျင်နဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် ဘွမ်ဒီယာကို လက်လွှတ်ခဲ့ရတာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ကိုယ်လိုချင်တဲ့ ကစားသမားကို ယူရို ၃၅သန်းလောက် ပေးပြီး ဝယ်ရမှာကို လက်တွန့်နေတဲ့ အာဆင်နယ်အသင်း ဘုတ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

Zawgyi Version

နောဝှစ်ခ်ျအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘွမ်ဒီယာဟာ ဗီလာအသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့တာကြောင့် မကြာခင်မှာ ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ဗီလာအသင်းထံ တရားဝင် ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

ဗီလာအသင်းဟာ ဘွမ်ဒီယာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၄သန်း + အပိုဆုကြေး (ယူရို ၆သန်း ဝန်းကျင်ရှိနိုင်) ကို နောဝှစ်ခ်ျအသင်းထံ ပေးချေရမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။

ကနဦးမှာ ဘွမ်ဒီယာကို ခေါ်ယူဖို့ အကြီးအကျယ် စိတ်ဝင်စားခဲ့သလို ဘွမ်ဒီယာကလည်း ပြောင်းရွှေ့ချင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဘွမ်ဒီယာအတွက် နောဝှစ်ခ်ျအသင်းထံ
