Unicode Version
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဒီရာသီအသင်း လူစာရင်း အင်အားတောင့်ရန် လိုအပ်တဲ့ နေရာတွေအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေကြတဲ့အသင်းတွေဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းများအရ ပြိုင်ဘက်နှစ်သင်းဟာ အသက်(၂၄)နှစ်အရွယ်ပေါ် တူဂီနိုင်ငံ ကွင်းလယ်ကစားသမား ရူဘန် နဗီးလ် ကို ခေါ်ယူရန် ချိတ်ဆက်နေကြတယ်လို့ သိရပါတယ်
နဗီးလ် ဟာ (၂၀၁၇/၁၈)ရာသီတုန်းက ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှ ဝုဒ်အသင်းသို့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး နောက်ဆုံးရာသီမှာ ဝုဒ်အသင်းအတွက်
တရာသီလုံး ပွဲပေါင်း(၄၀) ကစား ထားပြီး (၅)ဂိုးသွင်းကာ ဂိုးဖန်တီးမူ (၂) ကြိမ် ပြုလုပ်ထားပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတယောက်လဲ ဖြစ်ပါတယ်။
ဝုဒ်အသင်းက ဒီနွေရာသီမှာ ယင်းကစားသမားကို သူတို့သတ်မှတ်ထားတဲ့ စျေးရရင် ရောင်းချဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့စျေးက ယရို သန်း(၅၀) ဝန်းကျင်လို့သိရပါတယ်။
ယူနိုက်တက် အသင်းက ယင်းကွင်းလယ်ကစားသမား အတွက် စိတ်အားထက်သန်မူ သိပ်မရှိဘူးလို့လဲသိရပြီး အာဆင်နယ်က ယူရို (၃၄)သန်းနဲ့ ကမ်းလှမ်းဖို့စီစဥ်နေတယ်လို့ သိရပါတယ်။
Zawgyi Version
ဝုဒ်အသင်းက ဒီနွေရာသီမှာ ယင်းကစားသမားကို သူတို့သတ်မှတ်ထားတဲ့ ဈေးရရင် ရောင်းချဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ဈေးက ယရို သန်း(၅၀) ဝန်းကျင်လို့သိရပါတယ်။