Spots news

အီတလီကလပ်တွေ စိတ်ဝင်စားနေတဲ့ ဇီးယက်ခ်ျကို ထုတ်ရောင်းဖွယ်ရှိနေတဲ့ ချဲလ်‌ဆီး

Unicode Version

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီကမှ အေဂျက်စ်ကနေ ခေါ်ယူထားတဲ့ တောင်ပံကစားသမား ဇီယက်ချ်ကို ထုတ်ရောင်းဖွယ်ရှိနေပြီး သူ့ကို ခေါ်ယူဖို့ အီတလီကလပ်တွေက အပြိုင်စိတ်ဝင်စားနေပါတယ်။

မော်ရိုကိုလက်ရွေးစင် ဇီယက်ချ်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၉ပွဲကစားပေးခဲ့ပေမယ့် အသင်းဘက်ကတော့ အပြောင်းအရွှေ့စရိတ်ပိုထွက်လာဖို့ သူ့ကို ထုတ်ရောင်းဖွယ် ရှိနေပါတယ်။

အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နာပိုလီက ဇီယက်ချ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အေစီမီလန်ကလည်း စောင့်ကြည့်နေတယ် လို့ သိရပါတယ်။

ဇီယက်ချ်ဟာ ၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ် ပေးခဲ့ပေမယ့် နည်းပြ တူချယ်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး

ဦးစားပေး ကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာ ၁၅ပွဲနဲ့ ချန်ပီယံလိဂ်မှာ ၃ပွဲပဲ ကစားခွင့်ရခဲ့ပြီးနောက် သူ့ရဲ့ရေရှည်အနာဂတ်က မသေမချာဖြစ်လာပါတယ်။

သူဟာ ရီးရဲလ်ကို ကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ၂ပွဲနဲ့ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲတွေမှာ လူစာရင်းကနေပါ ချန်လှပ်ခြင်း ခံခဲ့ ရပါတယ်။

မကြာသေးခင်ကမှ နည်းပြသစ်အဖြစ် စပယ်လက်တီကိုခန့်အပ်ထားတဲ့ နာပိုလီနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့

အေစီမီလန်တို့က ဇီယက်ချ်အတွက် တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် သူ့ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပြီး ချဲလ်ဆီးက

နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဦးမှာဖြစ်လို့ ဇီယက်ချ်သာ အသင်းမှာ ဆက်နေရင် ပွဲထွက်ခွင့်ရဖို့ ပိုမိုရုန်းကန်ရဖွယ်ရှိနေပါတယ်။