Unicode Version
ဘောလုံးသုတေသနအဖွဲ့ (CIES) မှ တွက်ချက်၍ ထုတ်ပြန်လိုက်သော စာရင်းအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမားစာရင်းမှာ အင်္ဂလန်လူငယ် ပရီးမီးယားလိဂ် ကစားသမား ၃ ဦးဖြစ်တဲ့ ဖိုဒန်၊ ဂရင်းဝုဒ်နှင့် ရပ်ရှ်ဖို့ဒ်တို့ ဦးဆောင်လာခဲ့ ကြပါတယ်။
ယခုနှစ် ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် တစ်ဦးချင်း ထူးချွန်ဆုများစွာကို ရယူနိုင်ခဲ့တဲ့ မန်စီးတီး လူငယ်ကြယ်ပွင့် ကစားသမား ဖိုဒန်ဟာ တန်ဖိုး ယူရို(၁၉၀.၂)သန်းဖြင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
CIES ရဲ့ တွက်ချက်ပုံကတော့ လက်ရှိကစားသမားရဲ့ ခြေစွမ်း၊ အနာဂတ် အလားအလာ၊ လက်ရှိ အသက်အရွယ်၊ လက်ရှိအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းများအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
ထို့ကြောင့် ယခုစာရင်း၌ လူငယ်ကစားသမားအများစု နေရာယူခဲ့ပြီး ဖိုဒန်၏နောက်၌ မန်ယူတိုက်စစ်မှူးများဖြစ်သည့် ဂရင်းဝုဒ်နှင့် ရပ်ရှ်ဖို့ဒ်တို့ ရပ်တည်ခဲ့သည့်အပြင် ထိပ်ဆုံး(၂၀) ဦးစာရင်း၌ အင်္ဂလန်ကစားသမား (၇)ဦးအထိ ပါဝင်ခဲ့ပါတယ်။
ယခင်က တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘာပေမှာ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးကပ်လာပြီဖြစ်သောကြောင့် တန်ဖိုးများစွာ ကျဆင်းသွားခဲ့ပြီး ယခုစာရင်း၌ အဆင့်(၁၂)နေရာသာ ရရှိခဲ့ကြောင်းလည်း သိရသည်။
အပြောင်းအရွေ့ဈေးကွက် မှာ ရေပန်းစားနေခဲ့တဲ့ဒေါ့မွန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် နော်ဝေတိုက်စစ်မှူး ဟာလန်းကတော့ အဆင့်(၄)နေရာတွင် ရပ်တည်ခဲ့ပါတယ်။
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမား(၂၀)ဦးထဲတွင် ပရီးမီးယားလိဂ်ကစားသမား (၁၂)ဦးအထိပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ကလပ်အသင်းအနေဖြင့်ဆိုပါက မန်စီးတီးအသင်းက ကစားသမား(၄)ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး မနခချက်စတာ ယူနိုက်တက်က (၃) ဦး ပါဝင်ခဲ့ပါတယ်။
တန်ဖိုးအကြီးဆုံးကစားသမား(၁၀)ဦး
ကစားသမား တန်ဖိုး(ယူရို)
ဖိုဒန်(မန်စီးတီး) ၁၉၀.၂ သန်း
ဂရင်းဝုဒ်(မန်ယူ) ၁၇၈.၀ သန်း
ရပ်ရှ်ဖို့ဒ်(မန်ယူ) ၁၅၉.၁ သန်း
ဟော်လန်း(ဒေါ့မွန်) ၁၅၅.၅ သန်း
ဘရူနိုဖာနန်ဒက်စ်(မန်ယူ) ၁၅၄.၃ သန်း
ဖရန်ကီဒီယွန်း(ဘာစီလိုနာ) ၁၃၈.၇ သန်း
ပက်ဒရီ(ဘာစီလိုနာ) ၁၃၃.၂ သန်း
အယ်လ်ဖွန်ဆိုဒေးဗီးစ်(ဘိုင်ယန်မြူးနစ်) ၁၃၁.၆ သန်း
ဂျော်အိုဖေးလစ်(အက်သလက်တီကို) ၁၂၇.၈ သန်း
မေဆန်မောင့်(ချယ်လ်ဆီး) ၁၂၃.၆ သန်း