Spots news

ယူနိုက်တက်ရဲ့ စံချိန်တင်‌ ဈေးနှုန်းနဲ့ ခေါ်ယူမှု ဖြစ်လာတော့မယ့် ဆန်ချို

Unicode Version

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန်ရဲ့ တိုက်စစ်ကြယ်ပွင့် ဆန်ချို ကို ပြီးခဲ့တဲ့ နှစ် နွေတည်းက အသည်းအသန် ကြိုးစားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး မြင့်လွန်းတာကြောင့် တစ်နှစ်စောင့်ဆိုင်းခဲ့ရာ ဒီနွေမှာတော့ ယခင်ကထက် တန်ကြေး ပေါင် ၂၆ သန်းခွဲလောက် သက်သာသွားပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ယူနိုက်တက်ထံ ပြောင်းလာဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဒေါ့မွန်ကလည်း ပြောင်းရွှေ့ကြေးကို ပေါင် ၈၁.၅ သန်းနဲ့ သဘောတူ လက်ခံကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ထိုပမာဏကလည်း ယူနိုက်တက် အတွက် ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ဆဲ ဖြစ်ပြီး ယခင် အမြင့်ဆုံး ကတော့ မက်ဂွဲရားကို လွန်ခဲ့တဲ့ နှစ်နှစ်က ပေါင် သန်း ၈၀ သုံး ခေါ်ယူခဲ့တာပါ။

ကစားသမားနဲ့ ယူနိုက်တက်ကြား သဘောတူညီမှု ပါ ရခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့ တော်တော် နီးစပ်နေပြီ ဖြစ်ပေမယ့် ငွေ ပေးချေမှု အတွက် နှစ်သင်းကြား ညှိနှိုင်းရဦးမှာပါ။

ယူနိုက်တက်က ပြောင်းရွှေ့ကြေးကို အရစ်ကျ ခွဲပေးချင်နေတာ ဖြစ်ပြီး ဒေါ့မွန်ဘက်က ခွဲပေးရင်တောင် ကနဦး အရင် ပေးသွင်းငွေ အများအပြား ရယူလိုနေပါတယ်။ ဂျာမန်ကလပ်ဟာ ဟာလန်းကို ဆက်ထိန်းထားချင်တာကြောင့် ဆန်ချို ကို လက်လွှတ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်

ယူနိုက်တက်ဟာ ဆန်ချို ကို ဝယ်ယူမယ် ဆိုရင် မန်စီးတီးက ပေါင် ၁၁ သန်းလောက် ရသွားဦးမှာ ဖြစ်ပါတယ်။ စီးတီးဟာ ဆန်ချို ကို ရောင်းချစဉ်က နောင်တချိန် ပြန်ရောင်းရင် ပြောင်းရွှေ့ကြေးရဲ့ ၁၅% ရဖို့ စာချုပ်မှာ ထည့်သွင်းထားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဒါ့မြန္ရဲ႕ တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳ ကို ၿပီးခဲ့တဲ့ ႏွစ္ ေႏြတည္းက အသည္းအသန္ ႀကိဳးစားခဲ့ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကး ျမင့္လြန္းတာေၾကာင့္ တစ္ႏွစ္ေစာင့္ဆိုင္းခဲ့ရာ ဒီေႏြမွာေတာ့ ယခင္ကထက္ တန္ေၾကး ေပါင္ ၂၆ သန္းခြဲေလာက္ သက္သာသြားၿပီ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္ အ႐ြယ္ အဂၤလန္သားဟာ ယူနိုက္တက္ထံ ေျပာင္းလာဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရခဲ့ၿပီ ျဖစ္ၿပီး ေဒါ့မြန္ကလည္း ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၈၁.၅ သန္းနဲ႕ သေဘာတူ လက္ခံေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။

ထိုပမာဏကလည္း ယူနိုက္တက္ အတြက္ ကလပ္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ျဖစ္ဆဲ ျဖစ္ၿပီး ယခင္ အျမင့္ဆုံး ကေတာ့ မက္ဂြဲရားကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ေပါင္ သန္း ၈၀ သုံး ေခၚယူခဲ့တာပါ။

ကစားသမားနဲ႕ ယူနိုက္တက္ၾကား သေဘာတူညီမႈ ပါ ရခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ဖို႔ ေတာ္ေတာ္ နီးစပ္ေနၿပီ ျဖစ္ေပမယ့္ ေငြ ေပးေခ်မႈ အတြက္ ႏွစ္သင္းၾကား ညွိႏွိုင္းရဦးမွာပါ။

ယူနိုက္တက္က ေျပာင္းေ႐ႊ႕ေၾကးကို အရစ္က် ခြဲေပးခ်င္ေနတာ ျဖစ္ၿပီး ေဒါ့မြန္ဘက္က ခြဲေပးရင္ေတာင္ ကနဦး အရင္ ေပးသြင္းေငြ အမ်ားအျပား ရယူလိုေနပါတယ္။ ဂ်ာမန္ကလပ္ဟာ ဟာလန္းကို ဆက္ထိန္းထားခ်င္တာေၾကာင့္ ဆန္ခ်ိဳ ကို လက္လႊတ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳ ကို ဝယ္ယူမယ္ ဆိုရင္ မန္စီးတီးက ေပါင္ ၁၁ သန္းေလာက္ ရသြားဦးမွာ ျဖစ္ပါတယ္။ စီးတီးဟာ ဆန္ခ်ိဳ ကို ေရာင္းခ်စဥ္က ေနာင္တခ်ိန္ ျပန္ေရာင္းရင္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၁၅% ရဖို႔ စာခ်ဳပ္မွာ ထည့္သြင္းထားခဲ့ပါတယ္။