Spots news

ရီးရဲလ်ကွင်းလယ်ကစားသမား အစ္စကိုကိုခေါ်ယူမယ့် အာဆင်နယ်

Unicode Version

အပြောင်းအရွှေ့ ရာသီ နီးကပ်လာချိန်မှာပဲ ထိပ်တန်း ကစားသမားတွေနဲ့ အသင်းကြီးတွေရဲ့ အပြောင်းအရွှေ့သတင်း တွေကလည်း ခပ်စိတ်စိတ် ထွက်ပေါ်လာခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမား အစ္စကိုကို ခေါ်ယူဖို့ အာဆင်နယ် အသင်းက စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာပဲ အငှားခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ ကစားသမား ကိုယ်တိုင်ကလဲ အသင်းမှာ နေရာမရဖြစ်နေတာမို့  အသင်းပြောင်းရွေ့ချင်ကြောင်း ပြောဆိုထားပါတယ်။

အစ္စကိုဟာ ဒီနှစ်ရာသီမှာ ရီးရဲလ်အသင်းမှာ နေရာမရ ဖြစ်နေပြီး အသင်းအတွက် လာလီဂါမှာ ၃ ပွဲသာ ပွဲထွက် ကစားခွင့်ရရှိခဲ့ပြီး ဂိုးဖန်တီးမှုလည်း တစ်ဂိုးရရှိခဲ့ ပါတယ်။ အစ္စကိုအနေနဲ့ သူ့ရဲ့အနာဂတ် အတွက် ဇန်နဝါရီမှာ အသင်းပြောင်းဖို့  ကြိုးစားနေပြီး ခေါ်ယူရန် စိတ်ဝင်စားနေတဲ့အသင်းများလည်း ရှိနေခဲ့တာပါ။ သတင်းတွေအရတော့ သူဟာ သူနဲ့လက်တွဲဖူးတဲ့ နည်းပြဟောင်း လိုပက်တီဂူရှိတဲ့ ဆီဗီလာအသင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း အာဆင်နယ်အသင်းက စိတ်ဝင်တစား ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း ဒီနှစ်မှာ ရလဒ်ဆိုးတချို့ကြုံတွေ့နေရပြီး ဇန်နဝါရီမှာပဲ အားဖြည့်မှုတွေပြုလုပ်ဖို့ ကြိုးစား လာခဲ့တာပါ။ သူတို့က တိုက်စစ်အားသန် ကွင်းလယ် ကစားသမားကို ခေါ်ယူလိုနေပြီး ပစ်မှတ်စာရင်းထဲမှာ လိုင်ယွန်က အူဝါ ၊ ဘာကာက ကော်တင်ဟိုနဲ့ အစ္စကိုတို့ ရှိနေတာဖြစ်ပါတယ်။ အခုတော့ သူတို့ဟာ အစ္စကိုကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းဟာ ရလဒ်ဆိုးတချို့ ရှိနေပေမယ့် နည်းပြ အာတီတာကို ထောက်ခံ အားပေးနေဆဲဖြစ်ပြီး ဇန်နဝါရီမှာ အင်အားဖြည့်တင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ အခုလို ချိတ်ဆက်လာခဲ့တာဖြစ်ပြီး သတင်းတွေ အရတော့ နှစ်ဖက်ကြားမှာ ဆွေးနွေးမှုရှိနေပြီး အာဆင်နယ် အသင်းကတော့ ရာသီကုန်အထိ အငှားနဲ့ အရင်ခေါ်ယူမှာဖြစ်တဲ့အတွက် အခြေအနေက အစ္စကိုနဲ့ ရီးရဲလ်ပေါ် မူတည်နေပြီး ကစားသမားရဲ့ပွဲကစားလိုမှုအရတော့ အပြောင်းအရွှေ့က ဖြစ်မြောက်သွားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။