Unicode Version
အင့်စ်နဲ့ စိန့်မေရီတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံး ၁၂ လအတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အိုလေဂန်းနားဆိုးလ်ရှားက အက်ဒီဆင်ကာဗာနီကို စာချုပ်သက်တမ်း တိုးမြင့်ချုပ်ဆိုထားပေမယ့် အထောင်တိုက်စစ်နေရာအတွက် ဟယ်ရီကိန်းနဲ့ အားလင်းဟားလန်းတို့ကို စောင့်ကြည့်နေပါတယ်။
ဒါပေမယ့် ယင်းကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပါက အထောင်တိုက်စစ်နေရာအတွက် ဒုတိယဦးစားပေး ပစ်မှတ်ကစားသမားအဖြစ် ယူနိုက်တက်က အင့်စ်ကို သတ်မှတ်ထားပါတယ်။
ဒါပေမယ့် အင့်စ်ဟာ ဆောက်သမ်တန်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချသွားဖွယ် ရှိနေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။၏
ဒါ့ကြောင့် ဆောက်သမ်တန်ဟာ လာမယ့်နှစ်မှာ သူတို့ကစားသမားကို အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွှတ်လိုခြင်း မရှိတာကြောင့်
ပေါင် ၂၅ သန်းနဲ့ ပေါင်သန်း ၃၀ ကြား ပြောင်းရွေ့ကြေးရရှိပါက ယင်းတိုက်စစ်မှူးကို အသင်းက ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။
ယခုနှစ်ဘောလုံးရာသီမှာ အင့်စ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ပြိုင်ပွဲစုံမှာ ၁၃ ဂိုးသွင်း၊ လေးဂိုးဖန်တီးပြီး ဆောက်သမ်တန်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။
လစ်ဗာပူးလ်နဲ့ ဘန်လေကစားသမားဟောင်းဟာ စိန့်မေရီအတွက် ပြိုင်ပွဲစုံ ၃ နှစ်ကစားပြီးချိန်မှာတော့ ၄၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။