Spots news

ဟန်ဒါဆန် က ဒီဂီယာကို ‌ကျော်တက်သွားပြီဖြစ်ကြောင်း နည်းပြဟောင်း မော်ရင်ဟိုပြော

Unicode Version

ဟိုဆေး မော်ရင်ဟိုက ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက် နံပါတ်၁ဂိုးသမား နေရာအတွက် ဒီဂီယာကို နောက်ကောက်ချရန် အသင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ဒီဂီယာ ဇနီးသည် ကလေးမီးဖွားနေစဉ် လက်စွမ်းပြရန် အခွင့်အရေး ရခဲ့ပေမဲ့ စပိန်သားက ယူရိုပါလိဂ်မတိုင်ခင် အသင်းကို ပြန်လာခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီမတိုင်ခင် နံပါတ် ၁ ဂိုးသမားနေရာ ဘယ်သူဖြစ်မယ်ဆိုတာ ရွေးချယ်ရမယ့် အခြေအနေမှာ မော်ရင်ဟိုက လူငယ်ဂိုးသမားကို ထောက်ခံပြောကြား ခဲ့တာပါ။

မော်ရင်ဟိုက “သူတို့က ဂိုးသမားကောင်းတွေလို့ ထင်ပါတယ်။ သူတို့က အံ့ဖွယ်လက်စွမ်းတော့ မရှိပါဘူး။ ဒင်း ဟန်ဒါဆန်လည်း အဲ့ဒီ လက်စွမ်းမျိုး မရသေးပေမဲ့ မကြာခင် ရလာမယ်လို့ ပြောလိုပါတယ်”

“ကျွန်တော် ယူနိုက်တက်မှာတုန်းက သူနဲ့တွေ့ခဲပြီး သူ ကျွန်တော့်ကို အငှားထွက်ကစားခွင့် တောင်းခဲ့တာ ကျွန်တော် အမြဲ သတိရပါတယ်။ သူပြောခဲ့တာ သတိရပါသေးတယ်။

ကျွန်တော် ပြန်လာရင် နံပါတ်၁အဖြစ်ပဲ ပြန်လာမယ် ဆိုတာကိုပေါ့။ သူက စတုတ္ထဂိုးသမား ဖြစ်နေတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ သူ့မှာ  ယုံကြည်မှု များစွာ ရှိနေပြီး သူ အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်နဲ့ ၂နှစ်စာချုပ် ကျန်နေသေးပေမဲ့ နွေရာသီ အသင်းမှ ထွက်ခွာဖို့ ချိတ်ဆက်နေပြီး ဟန်ဒါဆန်ကတော့ ပြီးခဲ့တဲ့ နွေရာသီက အသင်းနဲ့ ၅ နှစ် သက်တမ်းထားခဲ့ပါတယ်။