Spots news

ဖိုဒန် ၊ ဂရီးလစ် ၊ ဟယ်ရီကိန်း အတွဲဖန်တီးဖို့ ငွေသုံးကြမ်းတော့မယ့် ဂွာဒီယိုလာ

Unicode Version

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဟယ်ရီကိန်းနဲ့ ဂရီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီဖြစ်ကြောင်းကြားသိရပါတယ်။ ဖိုဒန်၊ ဟယ်ရီကိန်း၊ ဂရီလစ်အတွဲကို ဖန်တီးချင်တာ ဖြစ်ပါတယ်။

လက်ရှိ အဲဒီ အင်္ဂလန်သား ၃ ဦးဟာ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတွေ အဖြစ် ပါဝင်နေပြီး ယူရိုပြိုင်ပွဲမှာ ပေါ်လွင်မယ့် ကစားသမားတွေ အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

မန်စီးတီးက အက်စတွန်ဗီလာ တိုက်စစ်သမား ဂရီလစ်ကို ဗြိတိန် စံချိန်တင်ကြေး ပေါင် သန်း ၁၀၀ ပေးပြီး ခေါ်ယူလိုနေပါတယ်။ အက်စတွန်ဗီလာက နော့ဝစ် တိုက်စစ်သမား

ဘွမ်ဒီရာကို ပေါင် သန်း ၄၀ ခန့်နဲ့ ခေါ်ယူခဲ့တာကပဲ ဂရီလစ်ကို ပြန်လည် ရောင်းထုတ်ဖို့ ဖြစ်လာလိမ့်မယ်လို့ မန်စီးတီးဘက်က ယုံကြည်ချက် ရှိနေတာပါ။

မန်စီးတီးတိုက်စစ်မှူး အဂူရို အသင်းကနေ ထွက်ခွာသွားချိန်မှာ သူ့နေရာမှာ အစားထိုးဖို့အတွက် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူဆထားတာပါ။

စပါးအသင်းကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို ရောင်းထုတ်မယ်ဆိုရင် မည်သည့် အလိုက်ပေးမှုမှ မပါဝင်ဘဲ ပေါင် သန်း ၁၅၀ ကို ငွေသားသီးသန့် အလိုရှိနေတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ တိုက်စစ်ပိုင်းမှာ အခြား ရွေးချယ်စရာတွေဖြစ်တဲ့ စတာလင်၊ မာရက်စ်၊ ဘာနာတို ဆေးဗားတို့ကို ဒီနွေအပြောင်းအရွှေ့မှာ အရောင်းတင်ပြီး

နွေအသုံးစရိတ် လိုအပ်မှုကို ဖြည့်ဆည်းကာ စံချိန်တင် ငွေကြေးသုံးစွဲမှု တွေကို ပြုလုပ်ပြီး တော့ ဟယ်ရီကိန်း၊ ဂရီလစ်နဲ့ ဖိုဒမ် ၃ ယောက်တွဲကို အနာဂတ်မှာ ပုံဖော်လာနိုင်ပါတယ်။

Zawgyi Version

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဟယ္ရီကိန္းနဲ႕ ဂရီလစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနၿပီျဖစ္ေၾကာင္းၾကားသိရပါတယ္။ ဖိုဒန္၊ ဟယ္ရီကိန္း၊ ဂရီလစ္အတြဲကို ဖန္တီးခ်င္တာ ျဖစ္ပါတယ္။

လက္ရွိ အဲဒီ အဂၤလန္သား ၃ ဦးဟာ ယူရိုၿပိဳင္ပြဲအတြက္ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ အဓိက ကစားသမားေတြအျဖစ္ ပါဝင္ေနၿပီး ယူရိုၿပိဳင္ပြဲမွာ ေပၚလြင္မယ့္ ကစားသမားေတြအျဖစ္ သတ္မွတ္ျခင္း ခံထားရပါတယ္။

မန္စီးတီးက အက္စတြန္ဗီလာ တိုက္စစ္သမား ဂရီလစ္ကို ၿဗိတိန္စံခ်ိန္တင္ေၾကး ေပါင္ သန္း ၁၀၀ ေပးၿပီး ေခၚယူလိုေနပါတယ္။ အက္စတြန္ဗီလာက ေနာ့ဝစ္ တိုက္စစ္သမား

ဘြမ္ဒီရာကို ေပါင္ သန္း ၄၀ ခန႔္နဲ႕ ေခၚယူခဲ့တာကပဲ ဂရီလစ္ကို ျပန္လည္ ေရာင္းထုတ္ဖို႔ ျဖစ္လာလိမ့္မယ္လို႔ မန္စီးတီးဘက္က ယုံၾကည္ခ်က္ ရွိေနတာပါ။

မန္စီးတီးတိုက္စစ္မႉး အဂူရို အသင္းကေန ထြက္ခြာသြားခ်ိန္မွာ သူ႕ေနရာမွာ အစားထိုးဖို႔အတြက္ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းဟာ အသင့္ေတာ္ဆုံးျဖစ္မယ္ဆိုတာကို မန္စီးတီးနည္းျပ ဂြါဒီယိုလာက ယူဆထားတာပါ။

စပါးအသင္းကေတာ့ သူတို႔ရဲ႕ တိုက္စစ္မႉးကို ေရာင္းထုတ္မယ္ဆိုရင္ မည္သည့္ အလိုက္ေပးမႈမွ မပါဝင္ဘဲ ေပါင္ သန္း ၁၅၀ ကို ေငြသားသီးသန႔္ အလိုရွိေနတာ ျဖစ္ပါတယ္။

မန္စီးတီးဟာ တိုက္စစ္ပိုင္းမွာ အျခား ေ႐ြးခ်ယ္စရာေတြျဖစ္တဲ့ စတာလင္၊ မာရက္စ္၊ ဘာနာတို ေဆးဗားတို႔ကို ဒီေႏြအေျပာင္းအေ႐ႊ႕မွာ အေရာင္းတင္ၿပီး

ေႏြအသုံးစရိတ္ လိုအပ္မႈကို ျဖည့္ဆည္းကာ စံခ်ိန္တင္ေငြေၾကးသုံးစြဲမႈေတြကို ျပဳလုပ္ၿပီး ေတာ့ ဟယ္ရီကိန္း၊ ဂရီလစ္နဲ႕ ဖိုဒမ္ ၃ ေယာက္တြဲကို အနာဂတ္မွာ ပုံေဖာ္လာနိုင္ပါတယ္။