Spots news

ယူနိုက်တက်ဆီကနေ လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ဝက်စ်ဟမ်း

Unicode Version

ဝက်စ်ဟမ်း အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဂျီဆီလင်ဂတ်ကို အပြီးသတ် ခေါ်ယူဖို့အတွက် အရှိန်မြှင့်တင်

ကြိုးစားလာခဲ့ပြီး လင်ဂတ်ကလည်း အင်္ဂလန်အသင်းမှာ အရွေးမခံခဲ့ရတာကြောင့် အမြန်ဆုံးခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုများလာခဲ့ပါတယ်။

လင်ဂတ်ဟာ နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ ပဏာမ ၃၃ ယောက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန် အသင်းရဲ့ နောက်ဆုံးအပြီးသတ် ကစားသမား

၂၆ ယောက်ကို ရွေးချယ်ရာမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ကွင်းလယ်လူဟာ ဒီနှစ်အစောပိုင်းက ဝက်စ်ဟမ်းအသင်းမှာ အငှားထွက်ကစားရင်း အောင်မြင်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

လင်ဂတ်ရဲ့ ခြေစွမ်းပြသမှုနဲ့အတူ နည်းပြဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်း အသင်းဟာ လာမယ့်ရာသီသစ်အတွက် ယူရိုပါလိဂ် ဝင်ခွင့်ပါရရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ လင်ဂတ်ကို

အပြီးသတ် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး လင်ဂတ်ကတော့ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့  ရာသီကြိုပွဲစဉ်တွေ ကစားဖို့ ပြင်ဆင်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ ပရီးမီးယားလိဂ် ၉ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ်လည်း ပြုလုပ်ခဲ့ပြီးနောက် အင်္ဂလန်အသင်း မှာပါ ရွေးချယ်ခြင်း ခံလာရတာ ဖြစ်ပါတယ်။ ၂၈ နှစ်သားရဲ့ ခြေစွမ်းတွေကြောင့်

မတ်လကတည်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ယူရိုပြိုင်ပွဲဝင်မယ့် အသင်းမှာပါ ပါဝင်ခွင့်ရရှိဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပါတယ်။

သြစတီးယား၊ ရိုမေးနီးယားတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အပြီးသတ် ၂၆ ယောက် စာရင်းမှာတော့ ပါဝင်ခွင့်မရရှိခဲ့ပါဘူး။

ကွင်းလယ်လူဟာ လက်ရှိမှာတော့ နွေရာသီနားချိန် ရရှိထားပြီး တနင်္ဂနွေနေ့မှာ ခရိုအေးရှားနဲ့ ကစားရမယ့် အင်္ဂလန်အသင်းရဲ့ ယူရိုပွဲစဉ်အတွက် ဆုတောင်းပေးခဲ့ပါတယ်။