Spots news

ဗာရန်းကို မခေါ်ယူနိုင်ခဲ့ပါက မန်ချက်စတာယူနိုက်တက် စီစဉ်ထားတဲ့ Plan B နောက်ခံလူ

Unicode Version

ယူနိုက်တက် အသင်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ဖို့ နီးကပ်လာတာနဲ့အမျှ ဝယ်ယူမယ့် ကစားသမား အရေအတွက်ကလည်း တစ်နေ့တစ်ခြား များပြားလာခဲ့ပါတယ်။

သတင်းတွေအရ ရီးရဲမက်ဒရစ် အသင်းမှ ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား ဗာရာနီ၊ ဒေါ့မွန် အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချို တို့ကတော့ အိုးလ်ထရက်ဖို့ကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။

ဒေးလီးစတားရဲ့ ဖော်ပြချက်အရ လာမယ့်ရာသီ ယူနိုက်တက်မှာ မြင်တွေ့ရနိုင်တဲ့ နောက်ထပ်ကစားသမားတွေလည်း ရှိနေပါသေးတယ်၊ယူနိုက်တက် အသင်းသည် နောက်တန်း ပိုအားသန်တဲ့ အင်္ဂလန်ကြယ်ပွင့်

နောက်တန်း ကစားသမား ဘစ်ဆာကာကို ဖိအားပေးနိုင်မယ့် တိုက်စစ်အားသန် နောက်တန်း ကစားသမား 1 ယောက် ကို ရှာဖွေနေတယ်ဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ နေရာအတွက် အက်သလက်တီ ကိုမက်ဒရစ် အသင်းမှ အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား ထရစ်ပီယာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အပြောင်းအရွှေ့ ပြီးမြောက်လုနီးပါး ဖြစ်နေပါပြီ၊

ဒီရာသီမှခန့်အပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ဂျု ကိုယ်တိုင် ထရစ်ပီယာရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီတစ်လျှောက်လုံး အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား မက်ဂွားရား နဲ့ တွဲကစားနိုင်မယ့် နောက်တန်း ကစားသမား 1 ယောက် ကို ရှာဖွေနေခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ

နောက်တန်း ကစားသမား 1 ယောက် ကို သေချာပေါက် ခေါ်ယူသွားမှာပဲဖြစ်ပါတယ်၊နောက်တန်း နေရာအတွက် ရီးရဲမက်ဒရစ် အသင်းမှ ဗာရာနီကတော့ အဓိက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမား ဖြစ်ပါတယ်။

ရိုမီယာ သည် ဂျုဗီကို ဒီလစ်နဲ့ ဒီမီရယ်တို့ ရောက်ရှိလာတာကြောင့် နေရာပျောက်သွားပြီးနောက် အက်တလန်တာကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်၊အက်တလန်တာ မှာတော့ အထူးခြေစွမ်း ပြသနိုင်ခဲ့ပြီး

ပြိုင်ပွဲစုံ 42 ပွဲအထိ ကစားခွင့်ရရှိခဲ့ပါတယ်၊အက်တလန်တာ က ရိုမီယိုကို 16 သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ထားတာကြောင့် ဒီပမာဏနဲ့ဝယ်ပြီး ယူနိုက်တက်ကို 45 သန်းနဲ့ အမြတ်တင်ရောင်းဖို့ စိတ်ဝင်စားနေပါတယ်။