Spots news

ကစားသမားဘဝက အနားယူဖို့အတွက် အေးဂျင့်တွေကို အပြောင်းအရွေ့စီစဉ်ခိုင်းနေတဲ့ ရော်နယ်ဒို

Unicode Version

သတင်းတွေအရ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းချဖို့ စီစဉ်နေသလို ရော်နယ်ဒိုကလည်း ဂျူဗင်တပ်စ်အသင်း ကနေ ထွက်ခွာနိုင်အောင် သူ့ရဲ့ အေးဂျင့်တွေကို အသင်းသစ် ရှာဖွေခိုင်းထားကြောင်း သိရပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို ပီအက်စ်ဂျီနဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၃၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ် ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုနဲ့ သူ့ရဲ့အဖွဲ့ဟာ သေချာတဲ့ ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးဘဲ ယူရိုပြိုင်ပွဲအပြီးမှသာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုရဲ့အေးဂျင့်အဖွဲ့ကတော့ သူတို့ကစားသမားအတွက် ဂျူဗင်တပ်စ်အသင်းတောင်းဆိုမယ့် ပြောင်းရွှေ့ကြေး၊ ကစားသမားရဲ့လုပ်ခလစာတွေကြောင့် အသင်းပြောင်းရွှေ့ဖို့ အခက်အခဲရှိမယ် ဆိုတာကို

နားလည်ထားတယ် လို့ဆိုပါတယ်။ ဂျူဗင်တပ်စ်အသင်း ကတော့ ရော်နယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို သန်း၃၀ နဲ့ သန်း၄၀ကြား ပမာဏတစ်ခု ရပါက ရောင်းချဖို့ အသင့် ရှိနေပါတယ်။

Zawgyi Version

သတင္းေတြအရ ဂ်ဴဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒိုကို သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႕ ေရာင္းခ်ဖိဳ႕ စီစဥ္ေနသလို ေရာ္နယ္ဒိုကလည္း ဂ်ဴဗင္တပ္စ္အသင္း ကေန ထြက္ခြာနိုင္ေအာင္ သူ႕ရဲ႕ ေအးဂ်င့္ေတြကို အသင္းသစ္ ရွာေဖြခိုင္းထားေၾကာင္း သိရပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗီနဲ႕ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေနေတာ့တာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ပီအက္စ္ဂ်ီနဲ႕ အသင္းေဟာင္းေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ယူနိုက္တက္တို႔က စိတ္ဝင္စားေနၾကပါတယ္။

ေရာ္နယ္ဒိုဟာ ကစားသမားဘဝ ေနာက္ဆုံးကာလ အပိုင္းအျခားကို ေရာက္ရွိေနသူ ျဖစ္ေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္စ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၄ပြဲအထိ ပါဝင္ ကစားေပးခဲ့ကာ သြင္းဂိုး ၃၆ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အီတလီ စီးရီးေအၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး တိုက္စစ္ကစားသမားဆုကို ရယူနိုင္ခဲ့ပါတယ္။ လက္ရွိမွာ ေရာ္နယ္ဒိုနဲ႕ သူ႕ရဲ႕အဖြဲ႕ဟာ ေသခ်ာတဲ့ ဆုံးျဖတ္ခ်က္ခ်မွတ္ရျခင္းမရွိေသးဘဲ ယူရိုၿပိဳင္ပြဲအၿပီးမွသာ ဆုံးျဖတ္သြားမယ္လို႔ သိရပါတယ္။

ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္အဖြဲ႕ကေတာ့ သူတို႔ကစားသမားအတြက္ ဂ်ဴဗင္တပ္စ္အသင္းေတာင္းဆိုမယ့္ ေျပာင္းေ႐ႊ႕ေၾကး၊ ကစားသမားရဲ႕လုပ္ခလစာေတြေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ဖို႔ အခက္အခဲရွိမယ္ ဆိုတာကို

နားလည္ထားတယ္လို႔ဆိုပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း ကေတာ့ ေရာ္နယ္ဒိုကို ေျပာင္းေ႐ႊ႕ေၾကး ယူရို သန္း၃၀ နဲ႕ သန္း၄၀ၾကား ပမာဏတစ္ခု ရပါက ေရာင္းခ်ဖိဳ႕ အသင့္ ရွိေနပါတယ္။