Unicode Version
လက်ရှိ အချိန်မှာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ပရိသတ်တွေဆီက အားပေးသံတွေ ၊ သူ့ကိုဆဲဆိုသံတွေ ၊ လှောင်ပြောင်သံတွေကိုလွမ်းဆွတ်လျက် ရှိနေကြောင်း ရော်နယ်ဒိုကဆိုပါတယ်။ ပရိတ်သတ်မပါတဲ့ ဘောလုံးပွဲတွေဟာ သူ့အတွက်တော့ ပျင်းစရာကောင်းနေပြီး လက်ခုပ်သံတွေ မရှိပဲ ဘောလုံးကစားရတာ အရသာ မရှိ ဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
သူ့အနေနဲ့ ကစားသမားဘဝက အနားမယူမီမှာ ပရိသတ်တွေရှေ့မှာ ကစားခွင့် ရချင်သေးတယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။ ကပ်ရောဂါကြောင့် ကမ္ဘာနှင့် အဝှမ်း ဘောလုံးပြိုင်ပွဲများ ပရိတ်သတ်မပါပဲ ကန်နေရသလို ပရိတ်သတ် ဝင်ကြည့်ခွင့် ရလျှင်လဲ အနည်းငယ်သာ ဝင်ရောက်ကြည့်ရှုခွင့်ရနေပါတယ်။
“အမှန်အတိုင်း ဝန်ခံရရင် အခုဘောလုံးကစားရတာ ကျွန်တော် သိပ်ပျင်းနေပါတယ်။ ပရိသတ်မပါတဲ့ ကွင်းထဲမှာ ဘောလုံးကန်နေရတာ ကျွန်တော် ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး။ လောကမှာ ဘောလုံးထက် အရေးကြီးတဲ့အရာတချို့ရှိနေပါတယ်။ အဲ့ဒီထဲမှာ ကျန်းမာရေးက နံပါတ်တစ်ပါပဲ၊ ဒါကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့လို ကစားသမားတွေ၊ နည်းပြတွေဟာ ပရိသတ်ရဲ့ကျန်းမာရေးကို ဦးစားပေးစဉ်းစား ရပါမယ်။
ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ မပျော်ရွှင်နိုင်တာလည်း အမှန်ပါပဲ၊ အခုတော့ ကျွန်တော်ပရိသတ်တွေကို လွမ်းနေပါတယ်၊ သူတို့ဆီက အားပေးသံတွေ ၊ သူ့ကိုဆဲဆိုသံတွေ ၊ လှောင်ပြောင်သံတွေ ကို ကျွန်တော် အခုအချိန်မှာ အလိုချင်ဆုံးပါပဲ။ပရိသတ်တွေက ကျွန်တော့်ကိုချစ်ခင် အားပေး ကြတဲ့အခါ ကျွန်တော် ပျော်ရွှင်ရပါတယ်။ အလားတူပဲ ပရိသတ်တွေက ကျွန်တော့်ကို ဆဲဆိုနေတယ်၊ လှောင်ပြောင်နေတယ် ဝေဖန်နေတယ် ဆိုရင်လည်း ကျွန်တော်သဘောကျပါတယ်၊ ဒါဟာ ကျွန်တော့်အတွက် ပိုကြိုးစားဖို့ အားအင်တစ်ခုပါပဲ။
ကျွန်တော် ဘောလုံးသမားဘဝက အနားမယူခင်မှာ ပရိသတ် အစုံအလင်ရဲ့ ရှေ့မှောက်မှာ ကစားခွင့် ရဦးမယ်လို့ မျှော်လင့်ထားပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
အသက် ၃၅ နှစ် အရွယ်ရှိနေဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီ ဂျူဗင်တပ်စ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ပါဝင်ကစားခဲ့ ရာမှာတော့ ၁၆ ဂိုးထိ သွင်းယူထား နိုင်ခဲ့တာဖြစ်ပါတယ်။
Zawgyi Version
လက္ရွိ အခ်ိန္မွာ ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုက ပရိသတ္ေတြဆီက အားေပးသံေတြ ၊ သူ႕ကိုဆဲဆိုသံေတြ ၊ ေလွာင္ေျပာင္သံေတြကိုလြမ္းဆြတ္လ်က္ ရွိေနေၾကာင္း ေရာ္နယ္ဒိုကဆိုပါတယ္။ ပရိတ္သတ္မပါတဲ့ ေဘာလုံးပြဲေတြဟာ သူ႕အတြက္ေတာ့ ပ်င္းစရာေကာင္းေနၿပီး လက္ခုပ္သံေတြ မရွိပဲ ေဘာလုံးကစားရတာ အရသာ မရွိ ျဖစ္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။
သူ႕အေနနဲ႕ ကစားသမားဘဝက အနားမယူမီမွာ ပရိသတ္ေတြေရွ႕မွာ ကစားခြင့္ ရခ်င္ေသးတယ္လို႔ ေရာ္နယ္ဒိုက ဆိုပါတယ္။ ကပ္ေရာဂါေၾကာင့္ ကမာၻႏွင့္ အဝွမ္း ေဘာလုံးၿပိဳင္ပြဲမ်ား ပရိတ္သတ္မပါပဲ ကန္ေနရသလို ပရိတ္သတ္ ဝင္ၾကည့္ခြင့္ ရလွ်င္လဲ အနည္းငယ္သာ ဝင္ေရာက္ၾကည့္ရႈခြင့္ရေနပါတယ္။
“အမွန္အတိုင္း ဝန္ခံရရင္ အခုေဘာလုံးကစားရတာ ကြၽန္ေတာ္ သိပ္ပ်င္းေနပါတယ္။ ပရိသတ္မပါတဲ့ ကြင္းထဲမွာ ေဘာလုံးကန္ေနရတာ ကြၽန္ေတာ္ ဘယ္လိုမွ မေပ်ာ္႐ႊင္နိုင္ပါဘူး။ ေလာကမွာ ေဘာလုံးထက္ အေရးႀကီးတဲ့အရာတခ်ိဳ႕ရွိေနပါတယ္။ အဲ့ဒီထဲမွာ က်န္းမာေရးက နံပါတ္တစ္ပါပဲ၊ ဒါကို ကြၽန္ေတာ္ နားလည္ပါတယ္။ ကြၽန္ေတာ္တို႔လို ကစားသမားေတြ၊ နည္းျပေတြဟာ ပရိသတ္ရဲ႕က်န္းမာေရးကို ဦးစားေပးစဥ္းစား ရပါမယ္။
ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္လိုမွ မေပ်ာ္႐ႊင္နိုင္တာလည္း အမွန္ပါပဲ၊ အခုေတာ့ ကြၽန္ေတာ္ပရိသတ္ေတြကို လြမ္းေနပါတယ္၊ သူတို႔ဆီက အားေပးသံေတြ ၊ သူ႕ကိုဆဲဆိုသံေတြ ၊ ေလွာင္ေျပာင္သံေတြ ကို ကြၽန္ေတာ္ အခုအခ်ိန္မွာ အလိုခ်င္ဆုံးပါပဲ။ပရိသတ္ေတြက ကြၽန္ေတာ့္ကိုခ်စ္ခင္ အားေပး ၾကတဲ့အခါ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ရပါတယ္။ အလားတူပဲ ပရိသတ္ေတြက ကြၽန္ေတာ့္ကို ဆဲဆိုေနတယ္၊ ေလွာင္ေျပာင္ေနတယ္ ေဝဖန္ေနတယ္ ဆိုရင္လည္း ကြၽန္ေတာ္သေဘာက်ပါတယ္၊ ဒါဟာ ကြၽန္ေတာ့္အတြက္ ပိုႀကိဳးစားဖို႔ အားအင္တစ္ခုပါပဲ။
ကြၽန္ေတာ္ ေဘာလုံးသမားဘဝက အနားမယူခင္မွာ ပရိသတ္ အစုံအလင္ရဲ႕ ေရွ႕ေမွာက္မွာ ကစားခြင့္ ရဦးမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္”လို႔ ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။
အသက္ ၃၅ ႏွစ္ အ႐ြယ္ရွိေနျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ဒီႏွစ္ေဘာလုံးရာသီ ဂ်ဴဗင္တပ္စ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၄ ပြဲ ပါဝင္ကစားခဲ့ ရာမွာေတာ့ ၁၆ ဂိုးထိ သြင္းယူထား နိုင္ခဲ့တာျဖစ္ပါတယ္။