Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြင့်မှု မပြေမလည်ဖြစ်နေတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူ ဆာဂျီယို ရာမို့ ကို
မြင့်မားတဲ့ လုပ်ခ လစာပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ် နေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းဌာနများက ဖော်ပြ သွားပါတယ်။
ယူရိုပြိုင်ပွဲ အတွက် စပိန်လက်ရွေးစင် အသင်းရဲ့ ချန်လှပ်မှုကို ခံခဲ့ရတဲ့ ရာမို့ဟာ လက်ရှိ ရီးရဲမက်ဒရစ် အသင်း ကနေ လာမယ့် နွေရာသီ
အပြောင်းအရွေ့ ဈေးကွက်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိထားတာ တွေ့ရပါတယ် ။
လက်ရှိမှာတော့ အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား မက်ဂွိုင်းယား ဒဏ်ရာ ရနေတာကြောင့် ယူနိုက်တက် အသင်းဟာ အားနည်းနေတဲ့ နောက်တန်း ကို အင်အားဖြည့်တင်းဖို့
ရာမို့ကို စိတ်ဝင်စားနေတာ ပဲဖြစ်ပါတယ် ။ နည်းပြ ဆိုးရှားဟာ မက်ဂွိုင်းယားနဲ့ တွဲကစားဖို့ ထိပ်တန်း ခံစစ်မှူး ဖြစ်တဲ့ ရာမို့ကို ခေါ်ယူရန် အလိုရှိနေတာပါ ။
ရာမို့ ဟာ 1 နစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တဲ့ 2 နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ယူနိုက်တက် ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။
ရာမို့ရဲ့ အနာဂတ်အပေါ် အဖြေရှာဖို့အတွက် သောကြာနေ့မှာ ရာမို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဥက္ကဌ ပီရက်ဇ်တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
ရာမို့ အနေနဲ့ စပိန်မှာ ဆက်နေဖို့ 2 နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုကို လိုချင်နေပေမဲ့ ရီးရဲမက်ဒရစ် ကတော့ အသက်အရွယ် ကြီးနေတဲ့ ရာမို့ ကို 1 နှစ်သာ သက်တမ်းဖွယ် ရှိနေတာ တွေ့ရပါတယ် ။
ရာမို့ ဟာ ရီးရဲမက်ဒရစ်မှာ 16 ရာသီကြာ ကစားခဲ့ပြီး လာလီဂါဖလား 5 လုံး၊ ချန်ပီယံလိဂ် 4 လုံး၊ ကလပ်ကမ္ဘာ့ဖလား 4 လုံး ရထားခဲ့ပါတယ်။