Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကီယာရန်ထရစ်ပီယာကို ခေါ်ယူနိုင်ခဲ့ပါက လက်ရှိ ညာခံစစ်မှူး အာရွန်ဝမ်ဘစ်ဆာကာဟာ ရာသီကြိုအစီအစဥ်မှာကတည်းက ဗဟိုခံစစ်နေရာကို ပြောင်းလဲကစားရဖွယ် ရှိနေပါတယ်။
အသက် ၃၀ နှစ်အရွယ် ထရစ်ပီယာဟာ အင်္ဂလန်သို့ ပြန်လည်ပြောင်းရွေ့ဖို့ ပြင်ဆင်နေပြီး အိုးလ်ထရက်ဖို့ဒ်ကလည်း သူ့ကိုခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
အိုလေဂန်းနားဆိုးလ်ရှားက ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း တိုးတက်ဖို့လိုသေးတယ်လို့ ယုံကြည်နေပြီး ဝမ်ဘစ်ဆာကာဟာ ခံစစ်ကစားပုံကောင်းပေမယ့် တိုက်စစ်ကစားပုံ အားနည်းနေတယ်လို့ မှတ်ယူနေပါတယ်။
ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာကို ပေါင်သန်း ၅၀ အသုံးပြုပြီး ခရစ္စတယ်ပဲလေ့စ်က ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် တချို့သော သတင်းတွေကတော့
ဆိုးလ်ရှားဟာ ညာခံစစ်နေရာအတွက် ထရစ်ပီယာကို ဒုတိယဦးစားပေးကစားသမားအဖြစ်အသုံးပြုဖို့ ခေါ်ယူလိုနေတာလို့ ဆိုကြပါတယ်
ဒါပေမယ့် The Sun က ဆိုးလ်ရှားဟာ ထရစ်ပီယာကို အစွန်ခံစစ်နေရာမှာအသုံးပြုပြီး ဝမ်ဘစ်ဆာကာကိုတော့ ခံစစ်သုံးယောက်တန်းမှာ အသုံးပြုသွားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့ကြောင့် သူ့အနေနဲ့ ဗဟိုခံစစ်မှာ ကစားနိုင်စွမ်း ရှိ/ မရှိကို ယူနိုက်တက်တို့အနေနဲ့ ရာသီကြိုအစီအစဥ်မှာ ဟယ်ရီမက်ဂွိုင်းယားနဲ့တွဲဖက်ပြီး စမ်းသပ် အသုံးပြုသွားဖွယ် ရှိနေပါတယ်။
၂၀၁၉ ခုနှစ်က စပါးအသင်းကနေ အေတီကိုအသင်းသို့ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွေ့ခဲ့တဲ့ ထရစ်ပီယာကတော့ အသင်းနဲ့အတူ လာလီဂါဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကီယာရန္ထရစ္ပီယာကို ေခၚယူနိုင္ခဲ့ပါက လက္ရွိ ညာခံစစ္မႉး အာ႐ြန္ဝမ္ဘစ္ဆာကာဟာ ရာသီႀကိဳအစီအစဥ္မွာကတည္းက ဗဟိုခံစစ္ေနရာကို ေျပာင္းလဲကစားရဖြယ္ ရွိေနပါတယ္။
အသက္ ၃၀ ႏွစ္အ႐ြယ္ ထရစ္ပီယာဟာ အဂၤလန္သို႔ ျပန္လည္ေျပာင္းေ႐ြ႕ဖို႔ ျပင္ဆင္ေနၿပီး အိုးလ္ထရက္ဖို႔ဒ္ကလည္း သူ႕ကိုေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။
အိုေလဂန္းနားဆိုးလ္ရွားက ယူနိုက္တက္ဟာ တိုက္စစ္ပိုင္း တိုးတက္ဖို႔လိုေသးတယ္လို႔ ယုံၾကည္ေနၿပီး ဝမ္ဘစ္ဆာကာဟာ ခံစစ္ကစားပုံေကာင္းေပမယ့္ တိုက္စစ္ကစားပုံ အားနည္းေနတယ္လို႔ မွတ္ယူေနပါတယ္။
ယူနိုက္တက္ဟာ ဝမ္ဘစ္ဆာကာကို ေပါင္သန္း ၅၀ အသုံးျပဳၿပီး ခရစၥတယ္ပဲေလ့စ္က ေခၚယူခဲ့ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေသာ သတင္းေတြကေတာ့
ဆိုးလ္ရွားဟာ ညာခံစစ္ေနရာအတြက္ ထရစ္ပီယာကို ဒုတိယဦးစားေပးကစားသမားအျဖစ္အသုံးျပဳဖို႔ ေခၚယူလိုေနတာလို႔ ဆိုၾကပါတယ္
ဒါေပမယ့္ The Sun က ဆိုးလ္ရွားဟာ ထရစ္ပီယာကို အစြန္ခံစစ္ေနရာမွာအသုံးျပဳၿပီး ဝမ္ဘစ္ဆာကာကိုေတာ့ ခံစစ္သုံးေယာက္တန္းမွာ အသုံးျပဳသြားနိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ဒါ့ေၾကာင့္ သူ႕အေနနဲ႕ ဗဟိုခံစစ္မွာ ကစားနိုင္စြမ္း ရွိ/ မရွိကို ယူနိုက္တက္တို႔အေနနဲ႕ ရာသီႀကိဳအစီအစဥ္မွာ ဟယ္ရီမက္ဂြိုင္းယားနဲ႕တြဲဖက္ၿပီး စမ္းသပ္ အသုံးျပဳသြားဖြယ္ ရွိေနပါတယ္။
၂၀၁၉ ခုႏွစ္က စပါးအသင္းကေန ေအတီကိုအသင္းသို႔ ေပါင္သန္း ၂၀ နဲ႕ ေျပာင္းေ႐ြ႕ခဲ့တဲ့ ထရစ္ပီယာကေတာ့ အသင္းနဲ႕အတူ လာလီဂါဆုဖလားကို ရယူနိုင္ခဲ့ပါတယ္။