Spots news

ရူဘင်နီဗက်ကို ခေါ်ယူဖို့ ကစားသမားနှစ်ဦးကို ရောင်းချတော့မယ့် အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ချာကာနဲ့ ဂွမ်ဒူဇီတို့ကို ယခုလအတွင်းမှာပဲ ရောင်းချဖို့ စီစဉ်နေပြီး အဆိုပါ ကစားသမားနှစ်ဦးကို

ရောင်းချလို့ ရတဲ့ ငွေကြေးနဲ့ ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင် နီဗက်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက အတည်ပြု ပြောကြားသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာဟာ စီးရီးအေကလပ် ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး အသက် ၂၂နှစ် အရွယ် ပြင်သစ် လူငယ် ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကတော့ ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးတဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကို ရိုးမားအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ စီစဉ်နေပြီး

ချာကာဟာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားတာကြောင့် ရိုးမားအသင်းနဲ့ အာဆင်နယ် အသင်းရဲ့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပါက ချာကာရဲ့ အပြောင်းအရွှေ့ဟာ လျင်လျင်မြန်မြန် ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ကနေ ဟာသာဘာလင်အသင်းထံ တရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့တဲ့ ပြင်သစ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီဟာလည်း ပြင်သစ်လီဂူးရဲ့ နာမည်ကြီးကလပ်

မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး အာဆင်နယ်အသင်း ကတော့ ဂွမ်ဒူဇီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း တောင်းဆိုထားပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၄နှစ် အရွယ် ကွင်းလယ်လူ ရူဘင်နီဗက်ဟာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို အာဆင်နယ်အသင်းကလည်း နီဗက်အတွက် တောင်းဆိုထားတဲ့

 

ယူရို ၄၀သန်းကို ပေးချေဖို့ အဆင်သင့် ရှိနေတာကြောင့် အခြား ထိပ်တန်း အသင်းတသင်းကသာ နီဗက်ကို ခေါ်ယူဖို့ မကြိုးစားခဲ့ရင် နီဗက်ဟာ အာဆင်နယ်အသင်းကို ကျိန်းသေပေါက် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။