Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ဒီနှစ် နွေရာသီမှာ အရခေါ်ယူသွားဖို့အတွက် အသေအချာ ကြိုးပမ်းလျက်ရှိနေရာ အခုဆိုရင် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်
လက်ရှိထွက်ပေါ်လာတဲ့ သတင်းအရ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်အသင်းနဲ့ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုတို့ဟာ ၂၀၂၆ ဇွန်လ ထိ စာချုပ်တစ်ရပ်အား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုကို ယခင်စျေးကွက်တွေကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတာဖြစ်ပေမယ့်လည်း
ဒေါ့မွန်ဘက်ကနေ တောင်းဆိုလာတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းဖို့က ခက်ခဲနေရတာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါ ဒေါ့မွန် အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဆန်ချိုရဲ့ အပြောင်းအရွေ အတွက် စတင်ဆွေးနွေးမှု ပြုလုပ်နေပြီး အပြောင်းအရွေ့ စရိတ်ကို ယူရို ၉၅ သန်း စျေးသတ်မှတ်ထားကာ သဘောတူညီမှုရရန် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
Zawgyi Version
ယူနိုက်တက်အသင်းဟာ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုကို ယခင်ဈေးကွက်တွေကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတာဖြစ်ပေမယ့်လည်း ဒေါ့မွန်ဘက်ကနေ
ယခုအခါ ဒေါ့မွန် အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဆန်ချိုရဲ့ အပြောင်းအရွေ အတွက် စတင်ဆွေးနွေးမှု ပြုလုပ်နေပြီး အပြောင်းအရွေ့ စရိတ်ကို ယူရို ၉၅ သန်း ဈေးသတ်မှတ်ထားကာ သဘောတူညီမှုရရန် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။