Spots news

ကောင်းမွန်နေတဲ့ မန်ယူ နဲ့ ရော်နယ်ဒို တို့ရဲ့ အခြေအနေကိုပြောပြလိုက်တဲ့ အီတလီအေးဂျင့်

Unicode Version

အီတလီအေးဂျင့် အန်ဒရီယာဒီအာမီကိုကတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကို စွန့်ခွာပြီး ယူနိုက်တက်ကို ပြန်ပြောင်းဖွယ်ရှိနေတယ်လို့ သူ့အမြင်ကို ပြောကြားလိုက်ပါတယ်။

အသက် ၃၆ နှစ်သားဟာ ၂၀၂၀ – ၂၁ ရာသီမှာ ဂျူဗီနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီသားရဲ့တူရင်မြေအနာဂတ်က မသေချာတဲ့အနေအထားမှာရှိနေပြီး စာချုပ်မကုန်ခင်မှာ တစ်နှစ်သက်တမ်း တိုးချင်နေပါတယ်။ ယူနိုက်တက်ကတော့ လာမယ့်ရာသီသစ်မှာရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ဒါကြီးဖြစ်လာဖို့ကတော့ ခန့်မှန်းရခက်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ဒီရာသီအကုန်မှာ ဂျူဗီကနေ ထွက်ခွာဖို့ သေချာနေပါတယ်။ ဂျာမနီ နဲ့ စပိန်ကိုသွားမှာမဟုတ်လောက်ပဲ ကစားသမားဘဝကို ယူနိုက်တက်မှာပဲ ကုန်ဆုံးပါလိမ့်မယ်”လို့ ဒီအာမီကိုက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို ပီအက်စ်ဂျီနဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြပါတယ်။

သတင်းတွေအရ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းချဖို့ စီစဉ်နေပါတယ်။ ရော်နယ်ဒိုကလည်း အသင်းပြောင်းရွေ့ဖို့ အသင်းကို သေချာတဲ့ ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးဘဲ ယူရိုပြိုင်ပွဲအပြီးမှသာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။