Spots news

ဥရောပထိပ်သီးကလပ်တွေအတွက် မာတီနက်ဇ်ကို ဈေးသတ်မှတ်ပေးလိုက်တဲ့ အင်တာ

Unicode Version

အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အသင်းရဲ့တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀) ရလျှင် လက်လွှတ်ဖွယ်ရှိနေကြောင်း Sky Sports Italia က ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ အင်တာမီလန်အသင်းဟာဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အသင်းရဲ့ အဓိက ကစားသမားများကို ရောင်းထုတ်ဖွယ်ရှိနေပြီး ယင်းအချက်ကြောင့်ပင် ဆယ်စုနှစ်တစ်ခုကျော်အကြာ ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုကို ပြန်လည်ရယူပေးခဲ့သည့် နည်းပြ ကွန်တီနှင့် လမ်းခွဲခဲ့ရပါတယ်။

အသင်းရဲ့ လစာ ပြသနာနဲ့ ငွေကြေးအခက်အခဲများကြောင့် အင်တာမီလန်အသင်းရဲ့ အဓိက ကစားသမားအချို့၏အနာဂတ်မှာ မရေမရာဖြစ်နေပြီး ယင်းအထဲတွင် လော်တာရိုမာတီနက်ဇ်လည်းပါဝင်ကြောင်း Sky Sports Italia က ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့ အပြင် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီး အသင်းတို့က ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေပါတယ်။

အက်သလက်တီကိုအသင်းဟာ လာမည့်ရာသီမှာ အသင်း၏တိုက်စစ်ပိုင်းကို ဖြည့်တင်းရန်အတွက် လော်တာရို မာတီနက်ဇ်ကို ပစ်မှတ်ထားနေပြီး ယူရိုသန်း(၅၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း အင်တာမီလန်အသင်းက ပယ်ချခဲ့ပြီး ၎င်းအတွက် ယူရိုသန်း (၉၀)အထိ အလိုရှိနေကြောင်း သိရှိရပါတယ်။

Zawgyi Version

အီတလီ စီးရီးေအကလပ္ အင္တာမီလန္အသင္းဟာ ဥေရာပအသင္းႀကီးမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတဲ့ အသင္းရဲ႕တိုက္စစ္မႉး ေလာ္တာရိုမာတီနက္ဇ္ကို ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း (၉၀) ရလွ်င္ လက္လႊတ္ဖြယ္ရွိေနေၾကာင္း Sky Sports Italia က ေဖာ္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အင္တာမီလန္အသင္းဟာဘ႑ာေရးအက်ပ္အတည္းကို ေျဖရွင္းရန္အတြက္ အသင္းရဲ႕ အဓိက ကစားသမားမ်ားကို ေရာင္းထုတ္ဖြယ္ရွိေနၿပီး ယင္းအခ်က္ေၾကာင့္ပင္ ဆယ္စုႏွစ္တစ္ခုေက်ာ္အၾကာ ေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆုကို ျပန္လည္ရယူေပးခဲ့သည့္ နည္းျပ ကြန္တီႏွင့္ လမ္းခြဲခဲ့ရပါတယ္။

အသင္းရဲ႕ လစာ ျပသနာနဲ႕ ေငြေၾကးအခက္အခဲမ်ားေၾကာင့္ အင္တာမီလန္အသင္းရဲ႕ အဓိက ကစားသမားအခ်ိဳ႕၏အနာဂတ္မွာ မေရမရာျဖစ္ေနၿပီး ယင္းအထဲတြင္ ေလာ္တာရိုမာတီနက္ဇ္လည္းပါဝင္ေၾကာင္း Sky Sports Italia က ေဖာ္ျပခဲ့ျခင္းျဖစ္ပါတယ္။

လက္ရွိမွာ ေလာ္တာရိုမာတီနက္ဇ္အား ေခၚယူရန္ စပိန္ထိပ္သီးအသင္းမ်ားျဖစ္သည့္ ဘာစီလိုနာႏွင့္ အက္သလက္တီကိုအသင္းတို႔ အျပင္ ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးအသင္းနဲ႕ ခ်န္ပီယံလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီး အသင္းတို႔က ကစားသမားကို ေခၚယူရန္ စိတ္ဝင္စားလ်က္ ရွိေနပါတယ္။

အက္သလက္တီကိုအသင္းဟာ လာမည့္ရာသီမွာ အသင္း၏တိုက္စစ္ပိုင္းကို ျဖည့္တင္းရန္အတြက္ ေလာ္တာရို မာတီနက္ဇ္ကို ပစ္မွတ္ထားေနၿပီး ယူရိုသန္း(၅၀)ျဖင့္ ကမ္းလွမ္းခဲ့ေသာ္လည္း အင္တာမီလန္အသင္းက ပယ္ခ်ခဲ့ၿပီး ၎အတြက္ ယူရိုသန္း (၉၀)အထိ အလိုရွိေနေၾကာင္း သိရွိရပါတယ္။