Spots news

လူကြမ်းကြီး ကော်စတာရဲ့ ကလပ်အသင်း အပေါ် အလွမ်းတွေနဲ့ နှုတ်ဆက်ခဲ့တဲ့စာ

Unicode Version

ဒဏ်ရာ ရနေတဲ့ သူ့ကို တစ်ပတ် ပေါင် 270000 ပေးချေ နေရတဲ့ အေတီကို အတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေချင်လို့  လို့ စာချုပ် ကို ၂ ဦး သဘောတူ ဖျက်သိမ်းဖို့ ဆုံးဖြတ် ခဲ့တာ လို့ သိရ ပါတယ် ။ ဒီတစ်ကြိမ်ဟာ နောက်ဆုံး လမ်းခွဲခြင်း ဖြစ်ပြီး ကော်စတာနဲ့ အေတီကို တို့ဟာ မဆုံနိုင်တော့တဲ့ လမ်းပေါ်  လျှောက်ခဲ့ပါပြီ။ ကော်စတာ ဟာ ဒီနှစ်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေ ခဲ့ရပါတယ်။

ဒီဆုံးဖြတ်ချက် အတွက် ကော်စတာ ဝမ်းနည်း မိပေမယ့် သူချစ်မြတ်နိုးတဲ့ အသင်း အတွက် အကောင်းဆုံး ဖြစ်မယ် လို့ မျှော်လင့်ကြောင်း ပြောဆို ခဲ့ ပါတယ် ။ထို့နောက်  ကော်စတာ ဟာ သူချစ်တဲ့ အက်သလက်တီကို မက်ဒရစ် နဲ့ ပရိသတ်တွေ အတွက် နှုတ်ဆက် စကား တွေကို ဆိုရှယ် မီဒီယာ က တဆင့် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် အသင်းရဲ့ ကစားသမား တစ်ယောက်အဖြစ် ဆက်ပြီး မရှိနိုင် တော့ပါဘူး။ ဝမ်းနည်း ဝမ်းသာဖြစ် နေပေမယ့် ပရိတ်သတ်တွေ အားလုံးကို နှုတ်ဆက် ရပါ‌တော့မယ်။ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ် ”

“ ဒီနှစ်ထဲမှာ ကျွန်တော့်ရဲ့ ခက်ခဲတဲ့ အချိန်ကာလ တွေ ဖြတ်ကျော်ခဲ့ရ ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ ကလပ် အသင်းကြီးရဲ့ ကစားသမား တစ်ယောက်အဖြစ် တစိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့လို့ အရမ်းပဲ ဝမ်းမြောက် နေမှာပါ။ အားပေးခဲ့တဲ့သူ တစ်ယောက်ချင်း တိုင်းကို ကျေးဇူးတင်ပါတယ်

“ကလပ်အသင်းရဲ့ ဆေးအဖွဲ့တွေ ၊ ဝန်ထမ်းတွေနဲ့ ကျွမ်းကျင် သူတွေ ၊ ကြံ့ခိုင်ရေး ဝန်ထမ်းတွေ နဲ့ ကျွန်တော့် အသင်းဖော်တွေ ကိုရော ကျွန်တော်နဲ့ အတူ ဖြတ်သန်း ပေးခဲ့ ကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အားလုံး ပျော်ရွှင်တဲ့ အခိုက်အတန့် တွေကို အတူတကွ ကျော်ဖြတ် ခဲ့ကြ တာပါ ။ ဒါတွေ ကို ဘယ်တော့မှ မမေ့ နိုင်ပါဘူး။ ကျွန်တော့ကို အမြဲ အားပေး ခဲ့တဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူး တင်ပါတယ်”

Zawgyi Version

ဒဏ္ရာ ရေနတဲ့ သူ႕ကို တစ္ပတ္ ေပါင္ 270000 ေပးေခ် ေနရတဲ့ ေအတီကို အတြက္ ဝန္ထုပ္ ဝန္ပိုး မျဖစ္ေစခ်င္လို႔ လို႔ စာခ်ဳပ္ ကို ၂ ဦး သေဘာတူ ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ ခဲ့တာ လို႔ သိရ ပါတယ္ ။ ဒီတစ္ႀကိမ္ဟာ ေနာက္ဆုံး လမ္းခြဲျခင္း ျဖစ္ၿပီး ေကာ္စတာနဲ႕ ေအတီကို တို႔ဟာ မဆုံနိုင္ေတာ့တဲ့ လမ္းေပၚ ေလွ်ာက္ခဲ့ပါၿပီ။ ေကာ္စတာ ဟာ ဒီႏွစ္မွာ ဒဏ္ရာေတြနဲ႕ ႐ုန္းကန္ေန ခဲ့ရပါတယ္။

ဒီဆုံးျဖတ္ခ်က္ အတြက္ ေကာ္စတာ ဝမ္းနည္း မိေပမယ့္ သူခ်စ္ျမတ္နိုးတဲ့ အသင္း အတြက္ အေကာင္းဆုံး ျဖစ္မယ္ လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆို ခဲ့ ပါတယ္ ။ထို႔ေနာက္ ေကာ္စတာ ဟာ သူခ်စ္တဲ့ အက္သလက္တီကို မက္ဒရစ္ နဲ႕ ပရိသတ္ေတြ အတြက္ ႏႈတ္ဆက္ စကား ေတြကို ဆိုရွယ္ မီဒီယာ က တဆင့္ ေျပာဆို သြားခဲ့ ပါတယ္ ။

“ကြၽန္ေတာ္ အသင္းရဲ႕ ကစားသမား တစ္ေယာက္အျဖစ္ ဆက္ၿပီး မရွိနိုင္ေတာ့ပါဘူး။ ဝမ္းနည္း ဝမ္းသာျဖစ္ ေနေပမယ့္ ပရိတ္သတ္ေတြ အားလုံးကို ႏႈတ္ဆက္ ရပါ‌ေတာ့မယ္။ ကြၽန္ေတာ္ စိတ္မေကာင္း ျဖစ္မိပါတယ္ ”

“ ဒီႏွစ္ထဲမွာ ကြၽန္ေတာ့္ရဲ႕ ခက္ခဲတဲ့ အခ်ိန္ကာလ ေတြ ျဖတ္ေက်ာ္ခဲ့ရ ပါတယ္။ ခမ္းနားႀကီးက်ယ္တဲ့ ကလပ္အသင္းႀကီးရဲ႕ ကစားသမား တစ္ေယာက္အျဖစ္ တစိတ္တစ္ပိုင္း ပါဝင္ခြင့္ရခဲ့လို႔ အရမ္းပဲ ဝမ္းေျမာက္ ေနမွာပါ။ အားေပးခဲ့တဲ့သူ တစ္ေယာက္ခ်င္း တိုင္းကို ေက်းဇူးတင္ပါတယ္

“ကလပ္အသင္းရဲ႕ ေဆးအဖြဲ႕ေတြ ၊ ဝန္ထမ္းေတြနဲ႕ ကြၽမ္းက်င္ သူေတြ ၊ ႀကံ့ခိုင္ေရး ဝန္ထမ္းေတြ နဲ႕ ကြၽန္ေတာ့္ အသင္းေဖာ္ေတြ ကိုေရာ ကြၽန္ေတာ္နဲ႕ အတူ ျဖတ္သန္းေပးခဲ့ ၾကလို႔ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ အားလုံး ေပ်ာ္႐ႊင္တဲ့ အခိုက္အတန႔္ ေတြကို အတူတကြ ေက်ာ္ျဖတ္ ခဲ့ၾက တာပါ ။ ဒါေတြ ကို ဘယ္ေတာ့မွ မေမ့ နိုင္ပါဘူး။ ကြၽန္ေတာ့ကို အၿမဲ အားေပး ခဲ့တဲ့ ပရိသတ္ေတြ ကိုလည္း ေက်းဇူး တင္ပါတယ္”