Spots news

အသင်းမှာ ပျော်နေတဲ့ ဒါးလော့ကို နောက်တစ်ကြိမ်ခေါ်ယူဖို့ ကြိုးစားမယ့် အေစီမီလန်

Unicode Version

အေစီမီလန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယိုဂိုဒါလော့ကို ဒီနွေရာသီမှာ ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ၂၂ နှစ်အရွယ် ကစားသမားဟာ

ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ကနေ အီတလီထိပ်သီး အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၀-၂၁ ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၃၃ ပွဲကစားခွင့်ရရှိခဲ့ပြီး ပုံမှန်နေရာ ရရှိခဲ့ပါတယ်။

သတင်းတွေ အရတော့ မီလန်က ဒါလော့ကို အပြီးသတ် ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ ပေးချေလိုခြင်း မရှိပါဘူး။

ဒါပေမယ့် အီတလီ သတင်းတွေကတော့ အေစီမီလန်ဟာ ပေါ်တူဂီသားကို ၂၀၂၁-၂၂ ရာသီမှာ ဆန်စီယိုကို နောက်တစ်ကြိမ် ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဖော်ပြကြပါတယ်။

ဒါလော့ကို နာပိုလီကလည်း ခေါ်ယူဖို့ကြိုးစားနေပေမယ့် ကစားသမားကတော့ အေစီမီလန်မှာ ကစားခွင့် ရရှိခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိကြောင်း အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။ ယူနိုက်တက်ကလည်း

ဒီနွေရာသီမှာ အင်္ဂလန်လက်ရွေးစင် အက်သလက်တီကို နောက်ခံလူ ကီရင်ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် အသင်းမှာ ဒါလော့အတွက် နေရာမရှိပါဘူး။

အဲ့ဒါကြောင့် ယူနိုက်တက် အနေနဲ့ ဒီနွေရာသီမှာ ဒါလော့ကို အပြီး သို့မဟုတ် အငှားချဖို့ကိုပဲ စီစဉ်လာဖွယ် ရှိနေပါတယ်။ အေစီမီလန် ကလည်း ဒါလော့ကို ဆက်ခေါ်ချင်ပေမယ့် ယူနိုက်တက်တောင်းဆိုတဲ့ဈေးကို

မပေးချင် တာကြောင့် နောက်တစ်ကြိမ် အငှားနဲ့ မီလန်ကို ပြန်ရောက်လာဖွယ် ရှိနေပါတယ်။ ဒါလော့နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကြားမှာ ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ရှိနေပါသေးတယ်။