Unicode Version
ပြင်သစ်ကွင်းလယ်လူဟာ လာမယ့်နှစ် နွေရာသီဆိုရင် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှ ာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ လာမယ့်နှစ်နွေမှာ
ပေါ့ဂ်ဘာကို အလွတ်နဲ့ မဆုံးရှုံးချင်ရင် စာချုပ်သက်တမ်းတိုးတာ ဒါမှမဟုတ် လက်ရှိအပြောင်းအရွှေ့ ကာလမှာပဲ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်ဖို့ လိုအပ်ပါတယ်။
ပေါလ်ပေါ့ဂ်ဘာရဲ့ မန်ချက်စတာ ယူနိုက်တက် အနာဂတ်ဟာ ယခုချိန်ထိ မတည်ငြိမ်သေးပေမယ့် ပရီးမီးယားလိဂ် ကလပ်ကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေကိုတော့ ကစားသမားက ပယ်ချသွားခဲ့ပါတယ်။
ပြင်သစ်အသင်းရဲ့ UEFA ယူရို ၂၀၂၀ ပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက်နဲ့ စာချုပ်ကိစ္ စအကြောင်းအရာ တွေကိုလည်း ပေါ့ဂ်ဘာက ပြောပြခဲ့ပါတယ်။
မေးခွန်းအတော် များများကို လမ်းကြောင်းလွှဲခဲ့ပေမယ့် လာမယ့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ သူ့ရဲ့အနာဂတ်နဲ့ ပက်သက်တဲ့ အကြောင်းအရာတစ်ချို့ကိုတော့ ပြောခဲ့ပါတယ်။
ပေါ့ဂ်ဘာက “ကျွန်တော့်စာချုပ်မှာ တစ်နှစ်ကျန်ပါသေးတယ်။ ဒါကို လူတိုင်းသိပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စတွေ ဘာတွေတော့ မရှိသေးပါဘူး။ ကျွန်တော်က မန်ချက်စတာယူနိုက်တက် ကစားသမားအဖြစ်တော့ ရှိနေတုန်းပါပဲ”လို့ ပြောခဲ့ပါတယ်။
ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ သတင်းတွေ အကြောင်း မေးမြန်းရာမှာလည်း ပေါ့ဂ်ဘာက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့
အေးဂျင့်မီနိုရွိုင်းအိုလာက ဘာမှမဆုံးဖြတ်ရသေးကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အနာဂတ်က အင်္ဂလန်မှာလည်း ပြင်သစ်မှာလားဆိုတာကိုတော့ ပြောဖို့ငြင်းဆန်ခဲ့ပါတယ်။
Zawgyi Version
ျပင္သစ္ကြင္းလယ္လူဟာ လာမယ့္ႏွစ္ ေႏြရာသီဆိုရင္ မန္ခ်က္စတာယူနိုက္တက္နဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ယူနိုက္တက္အေနနဲ႕ လာမယ့္ႏွစ္ေႏြမွာ
ေပါ့ဂ္ဘာကို အလြတ္နဲ႕ မဆုံးရႈံးခ်င္ရင္ စာခ်ဳပ္သက္တမ္းတိုးတာ ဒါမွမဟုတ္ လက္ရွိအေျပာင္းအေ႐ႊ႕ကာလမွာပဲ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႕ ေရာင္းထုတ္ဖို႔ လိုအပ္ပါတယ္။
ေပါလ္ေပါ့ဂ္ဘာရဲ႕ မန္ခ်က္စတာယူနိုက္တက္ အနာဂတ္ဟာ ယခုခ်ိန္ထိ မတည္ၿငိမ္ေသးေပမယ့္ ပရီးမီးယားလိဂ္ကလပ္ကေန ထြက္ခြာနိုင္တယ္ဆိုတဲ့ သတင္းေတြကိုေတာ့ ကစားသမားက ပယ္ခ်သြားခဲ့ပါတယ္။
ျပင္သစ္အသင္းရဲ႕ UEFA ယူရို ၂၀၂၀ ၿပိဳင္ပြဲ ပြဲဦးထြက္ပြဲစဥ္အတြက္ သတင္းစာရွင္းလင္းပြဲမွာ ယူနိုက္တက္နဲ႕ စာခ်ဳပ္ကိစၥအေၾကာင္းအရာေတြကိုလည္း ေပါ့ဂ္ဘာက ေျပာျပခဲ့ပါတယ္။
ေမးခြန္းအေတာ္မ်ားမ်ားကို လမ္းေၾကာင္းလႊဲခဲ့ေပမယ့္ လာမယ့္ရက္ပိုင္းအတြင္း ျဖစ္ေပၚလာနိုင္တဲ့ သူ႕ရဲ႕အနာဂတ္နဲ႕ ပက္သက္တဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုေတာ့ ေျပာခဲ့ပါတယ္။
ေပါ့ဂ္ဘာက “ကြၽန္ေတာ့္စာခ်ဳပ္မွာ တစ္ႏွစ္က်န္ပါေသးတယ္။ ဒါကို လူတိုင္းသိပါတယ္။ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကိစၥေတြဘာေတြေတာ့ မရွိေသးပါဘူး။ ကြၽန္ေတာ္က မန္ခ်က္စတာယူနိုက္တက္ ကစားသမားအျဖစ္ေတာ့ ရွိေနတုန္းပါပဲ”လို႔ ေျပာခဲ့ပါတယ္။
ေပါ့ဂ္ဘာရဲ႕အနာဂတ္နဲ႕ ပတ္သက္လို႔ သူ႕ကိုစိတ္ဝင္စားေနတဲ့ အသင္း တစ္သင္းျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႕ သတင္းေတြ အေၾကာင္း ေမးျမန္းရာမွာလည္း ေပါ့ဂ္ဘာက သူ႕ရဲ႕အနာဂတ္နဲ႕ ပတ္သက္လို႔
ေအးဂ်င့္မီနို႐ြိုင္းအိုလာက ဘာမွမဆုံးျဖတ္ရေသးေၾကာင္း ေျပာခဲ့ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕အနာဂတ္က အဂၤလန္မွာလည္း ျပင္သစ္မွာလားဆိုတာကိုေတာ့ ေျပာဖို႔ျငင္းဆန္ခဲ့ပါတယ္။