Spots news

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆန်ချို ဝတ်ဆင်ဖွယ် ရှိတဲ့ ကျောနံပါတ်

Unicode Version

ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ ဂျေဒန်ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောက်ရှိဖို့ နီးစပ်နေပါပြီ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့မှာပဲ ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့သလို ဆန်ချိုအတွက် ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းမှုတခုကို ပြုလုပ်ခဲ့ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၉၅သန်း

လိုချင်နေတာကို ပြီးခဲ့တဲ့ ဧပြီလထဲက သိရှိထားတာကြောင့် ဆန်ချိုအတွက် အဆိုပါ ငွေကြေးပမာဏကို ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိထားရပါတယ်။

လက်ရှိမှာတော့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပေမယ့် ယူနိုက်တက်အသင်းထံ ရောက်ရှိခဲ့ရင်တော့ ဒေါ့မွန်အသင်းမှာ သူ ဝတ်ဆင်ခဲ့တဲ့

ကျောနံပါတ် ၇ကို ဝတ်ဆင်ခွင့် ရရှိမှာ မဟုတ်ပါဘူး။ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ကို ဝါရင့် တိုက်စစ်မှူး ကာဗာနီက ဝတ်ဆင်နေလို့ ဖြစ်ပါတယ် ။

ဆန်ချိုအနေနဲ့ အခြား ကျောနံပါတ်တွေကိုသာ ရွေးချယ်ရမှာ ဖြစ်ကာ ဆန်ချိုအတွက် ရွေးချယ်လို့ ရနိုင်တဲ့ ကျောနံပါတ်တွေဟာ ၈ ၊ ၁၄ ၊ ၁၂ ၊ ၁၅ ၊ ၁၆ ၊ ၂၀ ၊ ၂၄ တို့ ဖြစ်ပြီး ကျောနံပါတ် ၈ရဲ့ ပိုင်ရှင် မာတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဖြစ်ပါက

ဆန်ချိုအနေနဲ့ ကျောနံပါတ် ၈ကို ရွေးချယ်ခွင့် ရှိပေမယ့် ကျောနံပါတ် ၈ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် ဝတ်ဆင်ချင်တဲ့ ကျောနံပါတ် တခု ဖြစ်တာကြောင့် ဆန်ချိုအတွက် လစ်လပ် ကျောနံပါတ်ဟာ နံပါတ် ၁၈ ဖြစ်လာနိုင်ပါတယ်။

ကျောနံပါတ် ၁၄ရဲ့ ပိုင်ရှင် ဖြစ်တဲ့ လင်ဂတ် ၊ ကျောနံပါတ် ၁၅ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ပါရဲရားနဲ့ ကျောနံပါတ် ၂၀ရဲ့ ပိုင်ရှင် ဖြစ်သူ ဒီယေဂို ဒါးလော့တို့ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ

မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ နီးစပ်နေသူတွေ ဖြစ်တာကြောင့် ဆန်ချိုအနေနဲ့ သူတို့ရဲ့ ကျောနံပါတ်ကို ယာယီ ဝတ်ဆင်လို့ ရပါတယ်။

ကာဗာနီ ရှိနေတာကြောင့် ကျောနံပါတ် ၇ကို ရွေးချယ်ခွင့် မရတဲ့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လစ်လပ် ကျောနံပါတ် တခု ဖြစ်တဲ့ ၁၆ကို ရွေးချယ်ဖွယ် ရှိနေပြီး

ဆန်ချိုဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီမှာ ကစားစဉ်က နံပါတ် ၁၆ကို ဝတ်ဆင်ဖူးတာကြောင့် ဆန်ချိုရဲ့ ကျောနံပါတ်ဟာ ၁၆ ဖြစ်နိုင်ပါတယ်။