Spots news

ဆန်ချိုရဲ့ မန်ယူသို့ အပြောင်းအရွေ့ကြောင့် ဟာလန်းကို ခေါ်ယူဖို့ ခက်ခဲသွားတဲ့ ချယ်ဆီး

Unicode Version

ချယ်ဆီးအသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ဈေးကွက်ထဲမှာ ရှာဖွေနေပြီး ဒေါ့မွန်နဲ့ အတူ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟာလန်းကို အဓိက ပစ်မှတ် အဖြစ် မျက်စိကျနေပါတယ်။

ဟာလန်း အတွက် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခ မြင့်မားမှာ ဖြစ်ပေမယ့် ချယ်ဆီးကတော့ အကျေအလည် ညှိနှိုင်း နေပါတယ်။

ဒါပေမယ့် ချယ်ဆီးနဲ့ ဟာလန်း အပြောင်းအရွှေ့ဟာ ကလပ်အသင်း နှစ်သင်းနဲ့ ကစားသမားကြား ပြီးမယ့် ခါတိုင်း အပြောင်းအရွှေ့ တွေလို မရိုးရှင်းဘဲ ဆန်ချိုနဲ့ ယူနိုက်တက် ကိစ္စ အပေါ်လည်း မူတည်နေပါတယ်။

ဒေါ့မွန်က သူ့တိုက်စစ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်း ထဲ က ဒီနွေမှာ တစ်ဦးကိုသာ လက်လွှတ်လိုနေပြီး ဆန်ချိုနဲ့ ယူနိုက်တက် အပြောင်းအရွှေ့ကလည်း

ဖြစ်လာဖို့ နီးစပ်နေပါတယ်။ ဒေါ့မွန်က ဆန်ချို ကို ခေါ်မယ်ဆို ဇူလိုင်လကုန် နောက်ဆုံးထား အပြီးသတ်ဖို့လည်း ယူနိုက်တက်အား အသိပေးထားပြီ ဖြစ်ပါတယ်။

တကယ်လို့ ဆန်ချိုနဲ့ ယူနိုက်တက်သာ အဆင်ပြေသွားမယ် ဆိုရင်တော့ ချယ်ဆီးက ဟာလန်းကို ဒီနွေမှာ ခေါ်ယူဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားမှာပါ။

ယူနိုက်တက် အတွက်တော့ လိုချင်တဲ့ တိုက်စစ်သမား ရမယ့် အပြင် ပြည်တွင်း ပြိုင်ဘက် ချယ်ဆီးကိုလည်း ရသလောက် တားဆီးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

နာမည်ကျော် အားကစား သတင်းထောက် Fabrizio Romano ကတော့ ဟာလန်းနဲ့ ချယ်ဆီးတို့ အပြောင်းအရွှေ့ ဖြစ်ဖို့ ဆိုရင် ၁) ဆန်ချို အသင်းမပြောင်းမှနဲ့ ၂) ရူးလောက်တဲ့ ပြောင်းရွှေ့ကြေး သုံးမှ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲ ရှိနေတာကြောင့် အပြောင်းအရွှေ့တွေ ဒီတလော ဖြစ်မြောက်ဖို့ ခက်ခဲပေမယ့် ချယ်ဆီး အနေနဲ့ ဟာလန်းကို အလိုရှိရင် ခပ်သွက်သွက် လှုပ်ရှားနေဖို့ လိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

Zawgyi Version

ခ်ယ္ဆီးအသင္းဟာ ထိပ္တန္းတိုက္စစ္မႉး တစ္ဦးကို ေဈးကြက္ထဲမွာ ရွာေဖြေနၿပီး ေဒါ့မြန္နဲ႕ အတူ ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉး ဟာလန္းကို အဓိက ပစ္မွတ္ အျဖစ္ မ်က္စိက်ေနပါတယ္။

ဟာလန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လုပ္ခ ျမင့္မားမွာ ျဖစ္ေပမယ့္ ခ်ယ္ဆီးကေတာ့ အေက်အလည္ ညွိႏွိုင္းေနပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးနဲ႕ ဟာလန္း အေျပာင္းအေ႐ႊ႕ဟာ ကလပ္အသင္းႏွစ္သင္းနဲ႕ ကစားသမားၾကား ၿပီးမယ့္ ခါတိုင္း အေျပာင္းအေ႐ႊ႕ေတြလို မရိုးရွင္းဘဲ ဆန္ခ်ိဳနဲ႕ ယူနိုက္တက္ ကိစၥ အေပၚလည္း မူတည္ေနပါတယ္။

ေဒါ့မြန္က သူ႕တိုက္စစ္ၾကယ္ပြင့္ ႏွစ္ဦး ျဖစ္တဲ့ ဆန္ခ်ိဳနဲ႕ ဟာလန္း ထဲ က ဒီေႏြမွာ တစ္ဦးကိုသာ လက္လႊတ္လိုေနၿပီး ဆန္ခ်ိဳနဲ႕ ယူနိုက္တက္ အေျပာင္းအေ႐ႊ႕ကလည္း

ျဖစ္လာဖို႔ နီးစပ္ေနပါတယ္။ ေဒါ့မြန္က ဆန္ခ်ိဳ ကို ေခၚမယ္ဆို ဇူလိုင္လကုန္ ေနာက္ဆုံးထား အၿပီးသတ္ဖို႔လည္း ယူနိုက္တက္အား အသိေပးထားၿပီ ျဖစ္ပါတယ္။

တကယ္လို႔ ဆန္ခ်ိဳနဲ႕ ယူနိုက္တက္သာ အဆင္ေျပသြားမယ္ ဆိုရင္ေတာ့ ခ်ယ္ဆီးက ဟာလန္းကို ဒီေႏြမွာ ေခၚယူဖို႔ မျဖစ္နိုင္သေလာက္ ျဖစ္သြားမွာပါ။

ယူနိုက္တက္ အတြက္ေတာ့ လိုခ်င္တဲ့ တိုက္စစ္သမား ရမယ့္ အျပင္ ျပည္တြင္း ၿပိဳင္ဘက္ ခ်ယ္ဆီးကိုလည္း ရသေလာက္ တားဆီးလိုက္သလို ျဖစ္သြားနိုင္ပါတယ္။

နာမည္ေက်ာ္ အားကစားသတင္းေထာက္ Fabrizio Romano ကေတာ့ ဟာလန္းနဲ႕ ခ်ယ္ဆီးတို႔ အေျပာင္းအေ႐ႊ႕ ျဖစ္ဖို႔ ဆိုရင္ ၁) ဆန္ခ်ိဳ အသင္းမေျပာင္းမွနဲ႕ ၂) ႐ူးေလာက္တဲ့ ေျပာင္းေ႐ႊ႕ေၾကး သုံးမွ ျဖစ္မယ္လို႔ သုံးသပ္ထားပါတယ္။

ယူရို ၂၀၂၀ ၿပိဳင္ပြဲ ရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ေတြ ဒီတေလာ ျဖစ္ေျမာက္ဖို႔ ခက္ခဲေပမယ့္ ခ်ယ္ဆီး အေနနဲ႕ ဟာလန္းကို အလိုရွိရင္ ခပ္သြက္သြက္ လႈပ္ရွားေနဖို႔ လိုတာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။