Spots news

မန်ချက်စတာ ယူနိုက်တက်အတွက် ဗာရာနီကို ဈေးနှုန်းသတ်မှတ်ပေးလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

စပိန်အင်အားကြီး ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတဲ့ အသင်းရဲ့ နောက်ခံလူ ဗာရာနီအတွက် ပြောင်းရွေ့ကြေး ကို သတ်မှတ်လိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာန အချို့က ဖော်ပြသွားပါတယ်။

ယူနိုက်တက် ရဲ့နွေရာသီ အဓိက ခံစစ်မှုးအဖြစ် ခေါ်ယူခံရဖို့ ရေပန်းစားလာတဲ့ ရီးရဲလ် နောက်ခံလူ ရာဖေးလ် ဗာရာနီ ဟာ နည်းပြသစ်ဖြစ်လာတဲ့ အန်စလော့တီ နဲ့ အဆင်မပြေမှုတွေ တစ်ချိန်က ရှိခဲ့တဲ့ အတွက် ဒီအချက်က ဗာရာနီကို မန်ချက်စတာ ယူနိုက်တက်သို့ အပြောင်းရွှေ့ကိုမီးစာထိုးပေးသလို ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက် ရဲ့ ခံစစ်မှာ ဟယ်ရီမက်ဂွိုင်းယား တစ်ဦးသာ ခြေစွမ်းပုံမှန် ထိန်းထားနိုင်တာ ဖြစ်ပြီး မက်ဂွိုင်းယား ဒဏ်ရာ ရရှိချိန်မှာ အသင်းရဲ့ ခံစစ်ပြသနာဟာ သိသာစွာ ပေါ်လွင်လာခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် နောက်ခံလူ ဗာရာနီကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စပိန် သတင်းဌာနများရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ယူနိုက်တက် စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဗာရာနီကို ပြောင်းရွေ့ကြေး ပေါင် ၅၂ သန်းရလျှင် ရောင်းချမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါတယ် ။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်နောက်ခံ ဗာရာနီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဗာရာနီကဲ့သို့ ပြင်သစ် အသင်းနဲ့ အတူ နိုင်ငံတကာပွဲများတွင် ခြေစွမ်းပြနေသာ ခံစစ်မှူးတစ်ဦးကိုလဲ နည်းပြ ဆိုးလ်ရှားကလိုချင်နေတာပါ။ ဗာရာနီဟာ ရီးရဲလ်မက်ဒရစ်မှာ ဘောလုံးရာသီ ၁၀ ခုအတွင်း ပွဲပေါင်း ၃၆၀ ပါဝင်ကစားခဲ့ ပြီး အသင်းနှင့်အတူ လာလီဂါချန်ပီယံ ၃ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရရှိထားပါတယ်။

Zawgyi Version

စပိန္အင္အားႀကီး ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွ ေခၚယူရန္ စိတ္ဝင္စားလ်က္ရွိေနတဲ့ အသင္းရဲ႕ ေနာက္ခံလူ ဗာရာနီအတြက္ ေျပာင္းေ႐ြ႕ေၾကး ကို သတ္မွတ္လိုက္ေၾကာင္း စပိန္အေျခစိုက္ သတင္းဌာန အခ်ိဳ႕က ေဖာ္ျပသြားပါတယ္။

ယူနိုက္တက္ ရဲ႕ေႏြရာသီ အဓိက ခံစစ္မႈးအျဖစ္ ေခၚယူခံရဖို႔ ေရပန္းစားလာတဲ့ ရီးရဲလ္ ေနာက္ခံလူ ရာေဖးလ္ ဗာရာနီ ဟာ နည္းျပသစ္ျဖစ္လာတဲ့ အန္စေလာ့တီ နဲ႕ အဆင္မေျပမႈေတြ တစ္ခ်ိန္က ရွိခဲ့တဲ့ အတြက္ ဒီအခ်က္က ဗာရာနီကို မန္ခ်က္စတာ ယူနိုက္တက္သို႔ အေျပာင္းေ႐ႊ႕ကိုမီးစာထိုးေပးသလို ျဖစ္လာနိုင္ပါတယ္။

ယူနိုက္တက္ ရဲ႕ ခံစစ္မွာ ဟယ္ရီမက္ဂြိုင္းယား တစ္ဦးသာ ေျခစြမ္းပုံမွန္ ထိန္းထားနိုင္တာ ျဖစ္ၿပီး မက္ဂြိုင္းယား ဒဏ္ရာ ရရွိခ်ိန္မွာ အသင္းရဲ႕ ခံစစ္ျပသနာဟာ သိသာစြာ ေပၚလြင္လာခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အသင္းမွ ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ျပင္သစ္ ေနာက္ခံလူ ဗာရာနီကို ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

စပိန္ သတင္းဌာနမ်ားရဲ႕ အဆိုအရ ရီးရဲလ္မက္ဒရစ္ အသင္းဟာ မန္ယူနိုက္တက္ စိတ္ဝင္စားေနတဲ့ ေနာက္ခံလူ ဗာရာနီကို ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၅၂ သန္းရလွ်င္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ေရးသား ေဖာ္ျပထားပါတယ္ ။ အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံ ဗာရာနီဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။

ဗာရာနီကဲ့သို႔ ျပင္သစ္ အသင္းနဲ႕ အတူ နိုင္ငံတကာပြဲမ်ားတြင္ ေျခစြမ္းျပေနသာ ခံစစ္မႉးတစ္ဦးကိုလဲ နည္းျပ ဆိုးလ္ရွားကလိုခ်င္ေနတာပါ။ ဗာရာနီဟာ ရီးရဲလ္မက္ဒရစ္မွာ ေဘာလုံးရာသီ ၁၀ ခုအတြင္း ပြဲေပါင္း ၃၆၀ ပါဝင္ကစားခဲ့ ၿပီး အသင္းႏွင့္အတူ လာလီဂါခ်န္ပီယံ ၃ ႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္ရရွိထားပါတယ္။