Spots news

ဟာလန်းအတွက် ဒေါ့မွန်တောင်းဆိုထားတဲ့ ပမာဏကိုပေးချေဖို့ အသင့်ဖြစ်နေတဲ့ ချဲလ်ဆီး

Unicode Version

ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချဲလ်ဆီးအသင်း နည်းပြတူချယ်အနေနဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူမယ့် အိမ်မက်ဟာ ယခုနွေရာသီမှာပဲ အမှန်တကယ် ဖြစ်ပေါ်လာနိုင်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနများက ဖော်ပြထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ဥရောပချန်ပီယံလိဂ် ဆုဖလား ရရှိခဲ့ပြီး အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု တည်ဆောက်နိုင်ခဲ့သလို လာမည့်ရာသီမှာလဲ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ကိုစိန်ခေါ်ဖို့ အတွက် အသင်းရဲ့ အင်အားကို ထပ်မံဖြည့်တင်းဖို့ အသင်းပိုင်ရှင်ဆီက ခွင့်ပြချက်ရရှိခဲ့ပြီဖြစ်ပါတယ် ။

နည်းပြတူချယ်ဟာ အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အေဘရာဟမ်၊ ဂျရူးနှင့် ဝါနာတို့ကို ကျေနပ်ခြင်းမရှိပဲ ထိပ်တန်းကြယ်ပွင့် တိုက်စစ်မှူး ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ပစ်မှတ်ထားနေတာပါ။ ဟာလန်း အတွက် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခ မြင့်မားမှာ ဖြစ်ပေမယ့် ချဲလ်ဆီးကတော့ အကျေအလည် ညှိနှိုင်း နေပါတယ်။

ချဲလ်ဆီး အသင်းဟာ ဟာလန်းအတွက် ပထမဆုံး အဆင့်အနေနဲ့  အသင်းရဲ့ တိုက်စစ်မှူး အေဘရာဟမ် ကို ငွေသားနဲ့ အလိုက်ပေးကမ်းလှမ်းသွားမည်ဟု သတင်းများထွက်ပေါ်နေပြီး အကယ်၍ ပယ်ချခံရပါက ဒေါ့မွန် အသင်းဘက် တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေး ပေါင် ၁၅၄.၅ သန်း ကို ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်း သတင်းများက ဆိုပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီသို့ လက်လွတ်ရဖွယ် ရှိနေတာကြောင့် ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့်  အဆိုပါ ငွေပမာဏဖြင့်သာ ကမ်းလှမ်းသွားပါက ဟာလန်းကို ရောင်းချသွားဖွယ်ရာရှိပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ ခ်ဲလ္ဆီး အသင္း နည္းျပတူခ်ယ္အေနနဲ႕ ေဒါ့မြန္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဟာလန္းကို ေခၚယူမယ့္ အိမ္မက္ဟာ ယခုေႏြရာသီမွာပဲ အမွန္တကယ္ ျဖစ္ေပၚလာနိုင္ေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းဌာနမ်ားက ေဖာ္ျပထားပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဥေရာပခ်န္ပီယံလိဂ္ ဆုဖလား ရရွိခဲ့ၿပီး ေအာင္ျမင္တဲ့ ေဘာလုံးရာသီတစ္ခု တည္ေဆာက္နိုင္ခဲ့သလို လာမည့္ရာသီမွာလဲ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလား ကိုစိန္ေခၚဖို႔ အတြက္ အသင္းရဲ႕ အင္အားကို ထပ္မံျဖည့္တင္းဖို႔ အသင္းပိုင္ရွင္ဆီက ခြင့္ျပခ်က္ရရွိခဲ့ၿပီျဖစ္ပါတယ္ ။

နည္းျပတူခ်ယ္ဟာ အသင္းရဲ႕ တိုက္စစ္မႉးေတြ ျဖစ္တဲ့ ေအဘရာဟမ္၊ ဂ်႐ူးႏွင့္ ဝါနာတို႔ကို ေက်နပ္ျခင္းမရွိပဲ ထိပ္တန္းၾကယ္ပြင့္ တိုက္စစ္မႉး ျဖစ္တဲ့ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကို ပစ္မွတ္ထားေနတာပါ။ ဟာလန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လုပ္ခ ျမင့္မားမွာ ျဖစ္ေပမယ့္ ခ်ဲလ္ဆီးကေတာ့ အေက်အလည္ ညွိႏွိုင္း ေနပါတယ္။

ခ်ဲလ္ဆီး အသင္းဟာ ဟာလန္းအတြက္ ပထမဆုံး အဆင့္အေနနဲ႕ အသင္းရဲ႕ တိုက္စစ္မႉး ေအဘရာဟမ္ ကို ေငြသားနဲ႕ အလိုက္ေပးကမ္းလွမ္းသြားမည္ဟု သတင္းမ်ားထြက္ေပၚေနၿပီး အကယ္၍ ပယ္ခ်ခံရပါက ေဒါ့မြန္ အသင္းဘက္ ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၁၅၄.၅ သန္း ကို ေပးေခ်ဖိဳ႕ အဆင္သင့္ ျဖစ္ေနေၾကာင္း သတင္းမ်ားက ဆိုပါတယ္။

ေဒါ့မြန္အသင္းအေနနဲ႕ အသင္းရဲ႕ လူငယ္ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို မန္ခ်က္စတာ ယူနိုက္တက္ အသင္းဆီသို႔ လက္လြတ္ရဖြယ္ ရွိေနတာေၾကာင့္ ဟာလန္းကို အသင္းမွာ ဆက္ထိန္းထားခ်င္ေပမယ့္ အဆိုပါ ေငြပမာဏျဖင့္သာ ကမ္းလွမ္းသြားပါက ဟာလန္းကို ေရာင္းခ်သြားဖြယ္ရာရွိပါတယ္။