Spots news
ဟယ်ရီကိန်းကို သန်း ၁၂၀ ပေးခေါ်ဖို့ မန်ယူကိုတိုက်တွန်းလိုက်တဲ့ ကပ္ပတိန်ဟောင်းကြီး ရွိုင်ကိန်း
Unicode Version
ယူနိုက်တက်အသင်းရဲ့ ကပ္ပတိန်ဟောင်း ရွိုင်ကိန်းကတော့ ယခုအပြောင်းအရွှေ့မှာ အသင်းဟောင်းအနေနဲ့ စပါးတိုက်စစ်မှုး ဟာရီကိန်းကို ဘယ်စျေးပေါက်ပေါက် ခေါ်ယူသင့်တယ်လို့ အခိုင်အမာ ဆိုသွားခဲ့ပါတယ်။
ယူနိုက်တက် အသင်းရဲ့ လိုအပ်ချက်တခုမှာ အထောင် တိုက်စစ်မှုးနေရာလည်း ပါ၀င်နေပြီး ကာဗာနီကို စာချုပ်သက်တမ်း တိုးထားသည့်တိုင်အောင် ဆိုးလ်ရှားဟာ တိုက်စစ်မှုးတဦးကို ခေါ်ယူသွားဖွယ် ရှိနေပါသေးတယ်။
ရွိုင်ကိန်းက ဟာရီကိန်းရဲ့စွမ်းဆောင်ရည်နဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းက ယူနိုက်တက်အတွက် များစွာ အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ စပါးတိုက်စစ်မှုးကလည်း ဆုဖလားတွေကို ဆာလောင်နေပြီး
စပါးအသင်းကနေ ဆုဖလားရယူနိုင်စွမ်းရှိတဲ့အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ ရွိုင်ကိန်းကတော့ မန်ယူနိုက်တက် အနေနဲ့ ပေါင် သန်း ၁၂၀လောက် ပေးရသည့် တိုင်အောင် စပါးတိုက်စစ်မှုးကို ခေါ်ယူသွားဖို့ တိုက်တွန်းသွားခဲ့တာပါ။
ရွိုင်ကိန်းက ” တခုတည်းသော အရာက ကျနော် ဟာရီကိန်းကို မခေါ်ယူဖို့ တိုက်တွန်းရင် ဒါဟာ ကြီမားတဲ့အမှားပါပဲ။ ဒါကြောင့် ကိန်းကို ကျနော် ခေါ်ယူလိုပါတယ်။ ကိန်းက အံအားသင့်စရာ ကစားသမား တယောက်လို့ ထင်ပါတယ်။
ကလပ်အသင်း တိုင်းကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ပါတယ်။ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူသင့်ပါတယ်။ ပေါင် သန်း ၁၂၀ ဖြစ်လည်း ကျနော် ဂရုမစိုက်ပါဘူး။ ခေါ်ယူရမှာပါ။”
လို့ ဆိုပါတယ်။
Zawgyi Version
ယူနိုက်တက်အသင်းရဲ့ ကပ္ပတိန်ဟောင်း ရွိုင်ကိန်းကတော့ ယခုအပြောင်းအရွှေ့မှာ အသင်းဟောင်းအနေနဲ့ စပါးတိုက်စစ်မှုး ဟာရီကိန်းကို ဘယ်ဈေးပေါက်ပေါက် ခေါ်ယူသင့်တယ်လို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။
လို့ ဆိုပါတယ်။