Unicode Version
စပိန်နောက်ခံလူ ရာမို့စ် ဟာ အခုလအကုန်မှာ ရီးရယ်လ် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ဝါရင့်နောက်ခံလူဟာ ရီးရယ်လ် အသင်းနဲ့ လက်တွဲခဲ့တဲ့ (၁၆)နှစ်တာကာလကို အဆုံးသတ်တော့မှာ ဖြစ်ပြီး
ကလပ်ကလည်း သူ့ကို ခမ်းခမ်းနားနားနဲ့ နှုတ်ဆက် သွားမှာပါ။ရာမို့စ် ဟာ ရီးရယ်လ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမှာမဟုတ်တော့တာကြောင့် စာချုပ်ကုန်ဆုံးရင် သူ့ကိုခေါ်မယ့် အသင်းတွေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရမှာဖြစ်ပါတယ်။
ရီးရယ်လ် အသင်းကလည်း အသင်းနဲ့အတူ ဆူဖလား(၂၂)ခုရယူထားတဲ့ အသင်းခေါင်းဆောင် ကို ခမ်းခမ်းနားနားနဲ့ နှုတ်ဆက်ဖို့တောင် စီစဉ်နေပြီဖြစ်ပါတယ်။
ရာမို့စ်ဟာ (၂၀၀၅) က ဆီဗီလာ အသင်းကနေ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့လာခဲ့ဝာာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရာမို့စ် ဟာ ရီးရယ်လ် အသင်းအတွက် ပွဲပေါင်း(၆၇၁)ပွဲပါဝင်ကစားထားပြီး (၁၀၁)ဂိုးသွင်းယူ ထားဝာာလည်း ဖြစ်ပါတယ်။ရာမို့စ် ဟာ ရီးရယ်လ် အသင်းနဲ့အတူ လာလီဂါ(၅)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ် အပါအဝင် အဓိကဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
ရာမို့စ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ(၂၁)ပွဲသာ ပါဝင် ကစားနိုင်ခဲ့ပါတယ်။သူ့ရဲ့ကြံခိုင်မှုပြသနာကြောင့် ယူရို(၂၀၂၀) ပြိုင်ပွဲဝင်မယ့် စပိန်လူစာရင်းမှာတောင်
ချန်လှပ်ခံ ခဲ့ရဝာာဖြစ်ပါတယ်။ရီးရယ်လ် အသင်းက ရာမို့စ်ကို စာချုပ်သက်တမ်း တိုးချင်ပေမယ့် ကစားသမားကတော့ (၂)နှစ်သက်တမ်းတိုးချင် နေတာဖြစ်ပါတယ်။
နည်းပြ ဇီဒန်းလည်း ရီးရယ်လ်ကနေ ထွက်ခွာခဲ့တာ ဟာ ရာမို့စ် စပိန်ကလပ်ကနေ ထွက်ခွာမယ့် နောက်ထပ် အကြောင်းပြချက် တစ်ခုဖြစ်ခဲ့ပါတယ်။ရာမို့စ် ကို ခေါ်ယူဖို့ မန်စီးတီး၊ပီအက်စ်ဂျီ နဲ့
မန်ချက်စတာ ယူနိုက်တက် အသင်းတို့က စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ရာမို့စ် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
Zawgyi Version