Spots news

အင်္ဂလန်အသင်းရဲ့ အမြန်ဆုံးနဲ့ အငြင်းဆုံးကစားသမားကို ပြောပြလိုက်တဲ့ နည်းပြဆောက်ဂိတ်

Unicode Version

ယူရို-၂၀၂၁ ပြိုင်ပွဲမဝင်မီ အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြချုပ်ဆောက်ဂိတ်ဟာ ပရိသတ်များမှ မေးသော မေးခွန်းအချို့ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ ယခုနှစ် ယူရို-၂၀၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲကို

ဝင်ဘလေတွင် ကျင်းပမည်ဖြစ်ပြီး အသက် ၅၀ အရွယ်ရှိ နည်းပြ ဆောက်ဂိတ်က အသင်းရဲ့ အခြေအနေတချို့ကို ပရိသတ်များအား တစ်စွန်းတစ်စ အသိပေးဖြေကြား ခဲ့ပါတယ်။

လူငယ်ပရိသတ်တစ်ဦးက အင်္ဂလန်အသင်းမှာ မည်သည့်ကစားသမားက အမြန်ဆုံးလဲဟု မေးမြန်းရာ အဆိုပါမေးခွန်းသည် အငြင်းပွားစရာ ဖြစ်လေ့ရှိကြောင်း ဆောက်ဂိတ်က ဖြေဆိုခဲ့ပါတယ်။

“ဝေါ်ကာ ဒါမှမဟုတ် စတားလင်းက အမြန်ဆုံးဖြစ်ပါလိမ့်မယ်။ဒါပေမယ့်လဲ
သူတို့နှစ်ယောက်က ဘယ်သူအမြန်ဆုံးလဲဆိုပြီး တစ်ချိန်လုံး ငြင်းနေကြတာပဲ”ဟု ဆောက်ဂိတ်က ဖြေဆိုခဲ့ပါတယ်။

ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင် အသင်းသားများအကြား စည်းလုံးညီညွတ်မှုဟာ ယူရို- ၂၀၂၁ ပြိုင်ပွဲမတိုင်မီမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း

ပြောဆိုခဲ့ပါတယ်။မည်သည့်ကစားသမားက အသင်းသားများအား အားပေးကူညီမှုအပြုဆုံး ဖြစ်ပါသနည်းဟု မေးမြန်းရာ ဆောက်ဂိတ်က

“အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဖြစ်ပါလိမ့်မယ်။ ဟန်ဒါဆန်လည်း ဒါမျိုးလုပ်ပါတယ်။ အသက်ငယ်တဲ့ ကစားသမားတွေက အတွေ့အကြုံရင့် ကစားသမားတွေဟာ မကြောက်တတ်ဘူးလို့ သူတို့ထင်တယ်။

တကယ်လည်း မကြောက်တတ်ကြပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့ကစားရတာ ပိုပြီးသက်သောင့်သက်သာ ရှိလာပါတယ်”ဟု ဖြေဆိုခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ လွန်ခဲ့သည့် ၂၅ နှစ်က အင်္ဂလန်လက်ရွေးစင်အသင်း၏ ကစားသမားအဖြစ် ပထမဦးဆုံးအကြိမ် ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ကလေးဘဝက ၎င်း၏သူရဲကောင်းမှာ မည်သူနည်းဟု မေးမြန်းရာ

ဆောက်ဂိတ်က “ဘရိုင်ယန်ရော့ဘ်ဆန် ဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းခေါင်းဆောင်ဖြစ်ပြီး အခုခေတ် ပရိသတ်တွေက သိပ်ငယ်သေးတော့ သူ့ကိုသိမှာမဟုတ်ဘူး”ဟု ဖြေကြားခဲ့ပါတယ်။