Spots news

အသင်း‌ဟောင်း ဆီဗီလာက ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းလိုက်တဲ့ ရာမိုစ့်

Unicode Version

ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ကို အသင်းဟောင်း ဆီဗီလာအသင်းက ငါးနှစ်စာချုပ် သဘောတူညီချက်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း ကြားသိရပါတယ်။

ဆီဗီလာ လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ရာမို့စ်ဟာ အသင်းကြီးအတွက် ၃ ရာသီကစားပေးခဲ့ပြီး နောက်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၆ နှစ်ကြာ ကစားပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးအဖြစ် အောင်မြင်ကျော်ကြားခဲ့ပါတယ်။

ရာမို့စ် ဟာ ရီးရဲလ် အသင်းအတွက် ပွဲပေါင်း ၆၇၁ ပွဲ ပါဝင်ကစားထားပြီး ၁၀၁ ဂိုးသွင်းယူ ထားဝာာလည်း ဖြစ်ပါတယ်။ရာမို့စ် ဟာ ရီးရဲလ် အသင်းနဲ့အတူ လာလီဂါ ၅ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ် အပါအဝင် အဓိကဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။

ရာမို့စ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ ပီအက်စ်ဂျီတို့လို အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် အဆိုပါကလပ်တွေက အများဆုံး စာချုပ်သက်တမ်း ၂ နှစ်သာ ချုပ်ဆိုဖွယ် ရှိနေပါတယ်။

ဆီဗီလာအသင်း ကတော့ သူတို့ရဲ့ခံစစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူ နိုင်ဖို့အတွက် ၅ နှစ်စာချုပ်နဲ့ မက်လုံးပေး ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရာမို့စ်ဘက်က ဘယ်လိုဆုံးဖြတ် မှာပါလဲ။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ရာမို႔စ္ကို အသင္းေဟာင္း ဆီဗီလာအသင္းက ငါးႏွစ္စာခ်ဳပ္သေဘာတူညီခ်က္နဲ႕ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေၾကာင္း ၾကားသိရပါတယ္။

ဆီဗီလာလူငယ္အသင္းကေန ထြက္ေပၚလာခဲ့တဲ့ ရာမို႔စ္ဟာ အသင္းႀကီးအတြက္ ၃ ရာသီကစားေပးခဲ့ၿပီးေနာက္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၁၆ ႏွစ္ၾကာ ကစားေပးခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးခံစစ္မႉးအျဖစ္ ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။

ရာမို႔စ္ ဟာ ရီးရဲလ္ အသင္းအတြက္ ပြဲေပါင္း ၆၇၁ ပြဲပါဝင္ကစားထားၿပီး  ၁၀၁ ဂိုးသြင္းယူ ထားဝာာလည္း ျဖစ္ပါတယ္။ရာမို႔စ္ ဟာ ရီးရဲလ္ အသင္းနဲ႕အတူ လာလီဂါ ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၄ ႀကိမ္ အပါအဝင္ အဓိကဆုဖလား အမ်ားအျပား ရယူနိုင္ခဲ့တာပါ။

ရာမို႔စ္ကိုေခၚယူဖို႔အတြက္ မန္ခ်က္စတာ ယူနိုက္တက္၊ မန္စီးတီး၊ ပီအက္စ္ဂ်ီတို႔လို အသင္းေတြကလည္း စိတ္ဝင္စားေနေပမယ့္ အဆိုပါကလပ္ေတြက အမ်ားဆုံးစာခ်ဳပ္သက္တမ္း ၂ ႏွစ္သာ ခ်ဳပ္ဆိုဖြယ္ရွိေနပါတယ္။

ဆီဗီလာအသင္းကေတာ့ သူတို႔ရဲ႕ခံစစ္မႉးေဟာင္းကို ျပန္လည္ေခၚယူနိုင္ဖို႔အတြက္ ၅ ႏွစ္စာခ်ဳပ္နဲ႕ မက္လုံးေပးဆြဲေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ရာမို႔စ္ဘက္က ဘယ္လိုဆုံးျဖတ္မွာပါလဲ။