Spots news

ကျန်းမာရေးအခြေအနေကြောင့် ချစ်ရတဲ့ဘောလုံးကို စွန့်ခွာရဖွယ်ရှိတဲ့ အဲရစ်ဆင်

Unicode Version

ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကမ္ဘာ့ဘောလုံးလောက တခုလုံးကို ရိုက်ခတ်သွားတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကတော့ ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ နှလုံးရှော့ခ် ဖြစ်ကာ ရုတ်တရတ် သတိလစ် မေ့မြောသွားခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ လက်ပစ်ဘောက တဆင့် ရလာမယ့် ဘောလုံးကို လက်ခံဖို့ လုပ်နေစဉ်မှာပဲ ကွင်းအတွင်း လဲကျသွားခဲ့တာပါ။ အဆိုပါ ဖြစ်ရပ်ကြောင့် ဒိန်းမတ်အသင်းရဲ့ ကစားသမားတွေဟာ

အဲရစ်ဆင်ကို အရေးပေါ် အသက်ကယ်မှုတွေ ပြုလုပ်ခဲ့ရသလို ဆေးအဖွဲ့ကလည်း လျင်လျင်မြန်မြန်ပဲ လိုအပ်တဲ့ ဆေးကုသမှုတွေကို ပြုလုပ်ပေးခဲ့ရပါတယ်။

လက်ရှိမှာတော့ အဲရစ်ဆင်ဟာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ အသက်အန္တရာယ် အတွက် စိုးရိမ်စရာ မလိုတော့ဘူးလို့ သိထားရပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ဟာ နောက်ထပ်တကြိမ် ဘောလုံး ပြန်ကစားဖို့ ခက်ခဲနိုင်ပြီး

လက်ရှိ အင်တာမီလန်အသင်း အခြေစိုက်ရာ အီတလီနိုင်ငံရဲ့ စည်းမျဉ်းတွေအရ အကယ်၍ အဲရစ်ဆင်ဟာ ဘောလုံး ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ရင်တောင် အီတလီနိုင်ငံမှာ ကစားခွင့် ရတော့မှာ မဟုတ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ လာခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နှလုံးအထူးကုဆရာဝန် ဒေါက်တာ စကော့မူရေးက အခုလိုပဲ ပြောကြားခဲ့တာပါ။ မူရေးက – “ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ ကစားသမား ဘဝဟာ အဆုံးသတ်ဖို့ ရှိနေပါတယ်။

အီတလီ နိုင်ငံမှာလည်း အားကစားသမားတွေ အနေနဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သတ်ပြီး လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိရင် ကစားခွင့် မပေးတဲ့ ဥပဒေ ရှိပါတယ်။

သူတို့ဟာ နှလုံးကျန်းမာရေး ကြောင့် အားကစားသမားတွေ ရုတ်တရတ် သေဆုံးမှုတွေကို ရပ်တန့်နိုင်ဖို့ နှစ် ၂၀လောက် ကြိုးစားခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ နှလုံးကျန်းမာရေးကြောင့်

အားကစားသမားတွေ ရုတ်တရတ် သေဆုံးနိုင်ချေဟာ ၃ရာခိုင်နှုန်းအထက် ကနေ ၁ရာခိုင်နှုန်းအောက်ကို ရောက်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးလောကမှာတော့ အဲရစ်ဆင်ဟာ နှလုံးရှော့ခ်ဖြစ်ကာ သတိလစ် မေ့မြောခဲ့တဲ့ ပထမဦးဆုံး ကစားသမား မဟုတ်ပဲ မူအမ်ဘာ ၊ ဗီဗီယန်ဖိုး ၊ တီအိုတီ ၊ ဘလိုင်း စတဲ့

လူသိများတဲ့ ကစားသမားတွေဟာ ကွင်းအတွင်း သတိလစ် မေ့မြောဖူးသလို အခြား ကစားသမားတွေလည်း အများအပြား ရှိခဲ့ဖူးပါတယ်။

Zawgyi Version

ယမန္ေန႕ညမွာ ကစားခဲ့တဲ့ ဒိန္းမတ္အသင္းနဲ႕ ဖင္လန္အသင္းတို႔ရဲ႕ ပြဲစဥ္မွာ ကမာၻ႔ေဘာလုံးေလာက တခုလုံးကို ရိုက္ခတ္သြားတဲ့ ျဖစ္ရပ္တခု ျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဒိန္းမတ္အသင္းရဲ႕ ကြင္းလယ္လူ အဲရစ္ဆင္ဟာ ႏွလုံးေရွာ့ခ္ ျဖစ္ကာ ႐ုတ္တရတ္ သတိလစ္ ေမ့ေျမာသြားခဲ့တဲ့ ျဖစ္စဥ္ပဲ ျဖစ္ပါတယ္။

အဲရစ္ဆင္ဟာ လက္ပစ္ေဘာက တဆင့္ ရလာမယ့္ ေဘာလုံးကို လက္ခံဖို႔ လုပ္ေနစဥ္မွာပဲ ကြင္းအတြင္း လဲက်သြားခဲ့တာပါ။ အဆိုပါ ျဖစ္ရပ္ေၾကာင့္ ဒိန္းမတ္အသင္းရဲ႕ ကစားသမားေတြဟာ အဲရစ္ဆင္ကို အေရးေပၚ အသက္ကယ္မႈေတြ ျပဳလုပ္ခဲ့ရသလို ေဆးအဖြဲ႕ကလည္း လ်င္လ်င္ျမန္ျမန္ပဲ လိုအပ္တဲ့ ေဆးကုသမႈေတြကို ျပဳလုပ္ေပးခဲ့ရပါတယ္။

လက္ရွိမွာေတာ့ အဲရစ္ဆင္ဟာ ျပန္လည္ သက္သာလာၿပီ ျဖစ္ကာ အသက္အႏၲရာယ္ အတြက္ စိုးရိမ္စရာ မလိုေတာ့ဘူးလို႔ သိထားရပါတယ္။ ဒါေပမယ့္ အဲရစ္ဆင္ဟာ ေနာက္ထပ္တႀကိမ္ ေဘာလုံး ျပန္ကစားဖို႔ ခက္ခဲနိုင္ၿပီး

လက္ရွိ အင္တာမီလန္အသင္း အေျခစိုက္ရာ အီတလီနိုင္ငံရဲ႕ စည္းမ်ဥ္းေတြအရ အကယ္၍ အဲရစ္ဆင္ဟာ ေဘာလုံး ျပန္ကစားဖို႔ ဆုံးျဖတ္ခဲ့ရင္ေတာင္ အီတလီနိုင္ငံမွာ ကစားခြင့္ ရေတာ့မွာ မဟုတ္ေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာခဲ့ပါတယ္။

အဲရစ္ဆင္ရဲ႕ ျဖစ္ရပ္နဲ႕ ပတ္သတ္ၿပီး ႏွလုံးအထူးကုဆရာဝန္ ေဒါက္တာ စေကာ့မူေရးက အခုလိုပဲ ေျပာၾကားခဲ့တာပါ။ မူေရးက – “ဒီျဖစ္ရပ္ေၾကာင့္ သူ႕ရဲ႕ ကစားသမား ဘဝဟာ အဆုံးသတ္ဖို႔ ရွိေနပါတယ္။ အီတလီနိုင္ငံမွာလည္း အားကစားသမားေတြ အေနနဲ႕ ႏွလုံးက်န္းမာေရးနဲ႕ ပတ္သတ္ၿပီး လုံေလာက္တဲ့ ႀကံ့ခိုင္မႈ မရွိရင္ ကစားခြင့္ မေပးတဲ့ ဥပေဒ ရွိပါတယ္။

သူတို႔ဟာ ႏွလုံးက်န္းမာေရးေၾကာင့္ အားကစားသမားေတြ ႐ုတ္တရတ္ ေသဆုံးမႈေတြကို ရပ္တန႔္နိုင္ဖို႔ ႏွစ္ ၂၀ေလာက္ ႀကိဳးစားခဲ့တာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ႏွလုံးက်န္းမာေရးေၾကာင့္ အားကစားသမားေတြ ႐ုတ္တရတ္ ေသဆုံးနိုင္ေခ်ဟာ ၃ရာခိုင္ႏႈန္းအထက္ ကေန ၁ရာခိုင္ႏႈန္းေအာက္ကို ေရာက္ေနပါၿပီ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေဘာလုံးေလာကမွာေတာ့ အဲရစ္ဆင္ဟာ ႏွလုံးေရွာ့ခ္ျဖစ္ကာ သတိလစ္ ေမ့ေျမာခဲ့တဲ့ ပထမဦးဆုံး ကစားသမား မဟုတ္ပဲ မူအမ္ဘာ ၊ ဗီဗီယန္ဖိုး ၊ တီအိုတီ ၊ ဘလိုင္း စတဲ့ လူသိမ်ားတဲ့ ကစားသမားေတြဟာ ကြင္းအတြင္း သတိလစ္ ေမ့ေျမာဖူးသလို အျခား ကစားသမားေတြလည္း အမ်ားအျပား ရွိခဲ့ဖူးပါတယ္။