Unicode Version
ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာက ဆွာရက်ဇ်အား အက်သလက်တီကိုအသင်းသို့ ရောင်းချခဲ့သည့် အသင်း၏လုပ်ရပ်မှာ မှားယွင်းကြောင်း ဝေဖန်ခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းတိုက်စစ်မှူး ဆွာရက်ဇ်အား လာလီဂါပြိုင်ဘက် အက်သလက်တီကိုအသင်းထံ ယူရို(၆)သန်းဖြင့် ရောင်းချခဲ့ပါတယ်။
ဘာစီလိုနာ အသင်းအနေနဲ့ အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်သည့် ဆွာရက်ဇ် အနေဖြင့် အသက်အရွယ် ကြီးရင့်နေပြီဟုဆိုကာ ရောင်းထုတ်ခဲ့သော်လည်း
ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက အက်သလက်တီကို အသင်းကို လာလီဂါ ချန်ပီယံဆု ရရှိအောင် အဓိကနေရာမှ စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ်။
ထို့ကြောင့် အယ်လ်ဘာက ဆွာရက်ဇ်ကို ပြိုင်ဘက် အသင်းထံ ရောင်းထုတ်ခဲ့သည့် အသင်း၏လုပ်ရပ်မှာ ရယ်စရာ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
အယ်လ်ဘာက “ဒါက ရယ်စရာပါပဲ။ ဆွာရက်ဇ်က ဘာစီလိုနာ အသင်းအတွက် များစွာပေးဆပ်ခဲ့သူပါ။ ဒါပေမဲ့ ဘာစီလိုနာ အသင်းက သူ့ကို ရောင်းထုတ်ပစ်တယ်။
ပိုဆိုးတာက ပြိုင်ဘက် အက်သလက်တီကိုအသင်းကို တိုက်ရိုက် ရောင်းလိုက်တာပါ။ အခုတော့ အက်သလက်တီကို အသင်းက
ဆွာရက်ဇ်နဲ့အတူ လာလီဂါ ချန်ပီယံဆုကို ယူသွားပါပြီ။ ဒါကို ကျွန်တော် သဘောမကျပါဘူး။ ပြီးတော့ ဆွာရက်ဇ်လို တိုက်စစ်မှူးမျိုး ရှာဖို့မလွယ်ပါဘူး။
ဘာစီလိုနာ အသင်းမှာ ကစားသမားကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ အသင်းအတွက် ဆွာရက်ဇ် လုပ်ပေးခဲ့တာတွေကို လူတိုင်း သိပါတယ်။ သူက ဘာစီလိုနာ အသင်းသမိုင်းမှာ တတိယမြောက် ဂိုးအများဆုံး သွင်းထားသူပါ”ဟု အယ်လ်ဘာက ပြောကြားခဲ့ပါတယ်။
Zawgyi Version
ဘာစီလိုနာေနာက္ခံလူ ေယာ္ဒီအယ္လ္ဘာက ဆြာရက္ဇ္အား အက္သလက္တီကိုအသင္းသို႔ ေရာင္းခ်ခဲ့သည့္ အသင္း၏လုပ္ရပ္မွာ မွားယြင္းေၾကာင္း ေဝဖန္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ၂၀၂၀ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းတိုက္စစ္မႉး ဆြာရက္ဇ္အား လာလီဂါၿပိဳင္ဘက္ အက္သလက္တီကိုအသင္းထံ ယူရို(၆)သန္းျဖင့္ ေရာင္းခ်ခဲ့ပါတယ္။
ဘာစီလိုနာအသင္းအေနနဲ႕ အသက္ (၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ ဆြာရက္ဇ္အေနျဖင့္ အသက္အ႐ြယ္ႀကီးရင့္ေနၿပီဟုဆိုကာ ေရာင္းထုတ္ခဲ့ေသာ္လည္း ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက အက္သလက္တီကိုအသင္းကို လာလီဂါခ်န္ပီယံဆု ရရွိေအာင္ အဓိကေနရာမွ စြမ္းေဆာင္ေပးနိုင္ ခဲ့ပါတယ္။
ထို႔ေၾကာင့္ အယ္လ္ဘာက ဆြာရက္ဇ္ကို ၿပိဳင္ဘက္အသင္းထံ ေရာင္းထုတ္ခဲ့သည့္ အသင္း၏လုပ္ရပ္မွာ ရယ္စရာျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ အယ္လ္ဘာက “ဒါက ရယ္စရာပါပဲ။ ဆြာရက္ဇ္က ဘာစီလိုနာအသင္းအတြက္ မ်ားစြာေပးဆပ္ခဲ့သူပါ။ ဒါေပမဲ့ ဘာစီလိုနာအသင္းက သူ႕ကို ေရာင္းထုတ္ပစ္တယ္။
ပိုဆိုးတာက ၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကို တိုက္ရိုက္ေရာင္းလိုက္တာပါ။ အခုေတာ့ အက္သလက္တီကိုအသင္းက ဆြာရက္ဇ္နဲ႕အတူ လာလီဂါခ်န္ပီယံဆုကို ယူသြားပါၿပီ။ ဒါကို ကြၽန္ေတာ္ သေဘာမက်ပါဘူး။ ၿပီးေတာ့ ဆြာရက္ဇ္လို တိုက္စစ္မႉးမ်ိဳး ရွာဖို႔မလြယ္ပါဘူး။
ဘာစီလိုနာအသင္းမွာ ကစားသမားေကာင္းေတြ ရွိပါတယ္။ ဒါေပမဲ့ အသင္းအတြက္ ဆြာရက္ဇ္ လုပ္ေပးခဲ့တာေတြကို လူတိုင္း သိပါတယ္။ သူက ဘာစီလိုနာအသင္းသမိုင္းမွာ တတိယေျမာက္ ဂိုးအမ်ားဆုံးသြင္းထားသူပါ”ဟု အယ္လ္ဘာက ေျပာၾကားခဲ့ပါတယ္။