Spots news

ပရိသတ်တွေ အပြင်းအထန်ဝေဖန်နေတဲ့ အင်္ဂလန်ရဲ့ ပွဲထွက်လူစာရင်း

Unicode Version

အင်္ဂလန်နဲ့ခရိုအေရှားအသင်းရဲ့ ပွဲစဉ်မှာ နည်းပြဆောက်ဂိတ်ပွဲထုတ်လာတဲ့ အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းကို ပရိသတ်တွေ အကြီးအကျယ်ဝေဖန်ပြစ်တင်လျက်ရှိကြပါတယ်။ တကယ်လည်း လူစာရင်းက ဝေဖန်ချင်စရာဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် ဘယ်နောက်ခံအစွန်လူနေရာအတွက် ဘန်ချီဝဲလ်နဲ့ လုခ်ရှောတို့ရှိနေပေမယ့် အံ့အားသင့်ဖွယ် ညာနောက်ခံလူ ထရစ်ပီယာကို ဘယ်ခြမ်းမှာ ပွဲထုတ်လာပါတယ်။

ဂရီလစ်ရှ်ကိုလည်း ပွဲမထုတ်ခဲ့သလို ပရိသတ်တွေ ဝေဖန်မှုမြင့်တက်နေတဲ့ ရာဟင်စတာလင်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။

ဘယ်တောင်ပံမှာ ဖိုဒန်ကို ပွဲထုတ်ခဲ့ပြီး တောင်ပံကစားသမားစစ်စစ်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို အရန်ခုံမှာသာ ထားခဲ့ပြန်ပါတယ်။

ဒဏ်ရာကြောင့် မက်ဂွာရီမပါဝင်နိုင်တာကတော့ အားလုံးသိပြီးဖြစ်မှာပါ အဲ့ဒါကြောင့် ခရိုအေရှားနဲ့ပွဲအတွက် ဗဟိုခံစစ်အတွဲကို

တိုင်ရုန်းမင်းစ်နဲ့ ဂျွန်စတုန်းတို့ကို ပွဲထုတ်လာခဲ့ပြီး ကိုအာဒီနဲ့ ဘန်ဝှိုက်တို့ကတော့ အရန်လူစာရင်းမှာသာရှိနေခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ

ယနေ့ည ၇ နာရီခွဲမှာ ခရိုအေရှားနဲ့ ကစားပြီးရင်တော့ ဂျွန်လ ၁၈ ရက်နေ့မှာ စကော့တလန်၊ ဇွန်လ ၂၂ ရက်နေ့မှာ ချက်ဇ်တို့နဲ့ ဆက်တိုက်ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။

Zawgyi Version

အဂၤလန္နဲ႕ခရိုေအရွားအသင္းရဲ႕ ပြဲစဥ္မွာ နည္းျပေဆာက္ဂိတ္ပြဲထုတ္လာတဲ့ အဂၤလန္အသင္းရဲ႕ ပြဲထြက္လူစာရင္းကို ပရိသတ္ေတြ အႀကီးအက်ယ္ေဝဖန္ျပစ္တင္လ်က္ရွိၾကပါတယ္။ တကယ္လည္း လူစာရင္းက ေဝဖန္ခ်င္စရာျဖစ္ေနခဲ့ပါတယ္။

အထူးသျဖင့္ ဘယ္ေနာက္ခံအစြန္လူေနရာအတြက္ ဘန္ခ်ီဝဲလ္နဲ႕ လုခ္ေရွာတို႔ရွိေနေပမယ့္ အံ့အားသင့္ဖြယ္ ညာေနာက္ခံလူ ထရစ္ပီယာကို ဘယ္ျခမ္းမွာ ပြဲထုတ္လာပါတယ္။ ဂရီလစ္ရွ္ကိုလည္း ပြဲမထုတ္ခဲ့သလို ပရိသတ္ေတြ ေဝဖန္မႈျမင့္တက္ေနတဲ့ ရာဟင္စတာလင္ကို ပြဲထြက္လူစာရင္းမွာ ထည့္သြင္းလာခဲ့ပါတယ္။

ဘယ္ေတာင္ပံမွာ ဖိုဒန္ကို ပြဲထုတ္ခဲ့ၿပီး ေတာင္ပံကစားသမားစစ္စစ္ေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႕ ဆန္ခ်ိဳတို႔ကို အရန္ခုံမွာသာ ထားခဲ့ျပန္ပါတယ္။
ဒဏ္ရာေၾကာင့္ မက္ဂြာရီမပါဝင္နိုင္တာကေတာ့ အားလုံးသိၿပီးျဖစ္မွာပါ အဲ့ဒါေၾကာင့္ ခရိုေအရွားနဲ႕ပြဲအတြက္ ဗဟိုခံစစ္အတြဲကို

တိုင္႐ုန္းမင္းစ္နဲ႕ ဂြၽန္စတုန္းတို႔ကို ပြဲထုတ္လာခဲ့ၿပီး ကိုအာဒီနဲ႕ ဘန္ဝွိုက္တို႔ကေတာ့ အရန္လူစာရင္းမွာသာရွိေနခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ယေန႕ည ၇ နာရီခြဲမွာ ခရိုေအရွားနဲ႕ ကစားၿပီးရင္ေတာ့ ဂြၽန္လ ၁၈ ရက္ေန႕မွာ စေကာ့တလန္၊ ဇြန္လ ၂၂ ရက္ေန႕မွာ ခ်က္ဇ္တို႔နဲ႕ ဆက္တိုက္ယွဥ္ၿပိဳင္ကစားသြားမွာပဲ ျဖစ္ပါတယ္။