Spots news

ပရီးမီးယားလိဂ် ထိပ်သီးအင်အားကြီးတွေ လုနေကြတဲ့ ဆဲလ်ဘတ် တိုက်စစ်မှူး ပက်ဆန် ဒါကာ

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး ထိပ်သီးကလပ်တွေဖြစ်တဲ့ လီဗာပူး ၊ ချယ်ဆီး တို့အပြင် လတ်စတာစီးတီး အသင်းတို့ဟာ ရက်ဘူး ဆဲလ်ဘတ် တိုက်စစ်မှူး ပက်ဆန် ဒါကာ ကို ဒီနွေမှာ ခေါ်ယူဖို့ပြေးလမ်းအတွင်း စိတ်ဝင်တစား ဝင်ရောက် ကြိုးပမ်းလာခဲ့ပါတယ်။

လျှင်မြန်သွက်လက်တဲ့ ဒါကာ က ဥရောပ ရဲ့ အလားအလာ အကောင်းဆုံး လူငယ်တိုက်စစ်သမားတွေထဲ ပါဝင်ပြီး တချိန်မှာ ထွန်းပေါက်လာမယ့် သူလို့

အများက မျှော်လင့်ခြင်း ခံထားရပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဆဲလ်ဘတ် အသင်း အတွက် ဒါကာ က ၃၆ ပွဲ ကစားပြီး ၂၉ ဂိုး သွင်းယူထားပါတယ်။

အဲဒီလို အစွမ်းပြနေပေမယ့် ဒါကာရဲ့ တန်ကြေးကလည်း ပေါင် ၁၇ သန်း လောက်နဲ့ ရရှိနိုင်ဖွယ်ပါ ရှိနေတာပါ။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးလေးနဲ့ ၎င်းရဲ့ အလားအလာကောင်းတွေကြောင့် ဈေးလည်း ချိုတဲ့ ဒါကာ ကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

အင်္ဂလန်သို့ ပြောင်းရွှေ့ ကစားဖို့ လမ်းဖွင့်ထားတဲ့ ဒါကာ ကို ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး လက်စတာကပါ ခေါ်ယူလိုလာတာ ဖြစ်ပါတယ်။

လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာက အသက် ၃၄ နှစ် ရှိလာပြီ ဖြစ်တဲ့ အသင်း တိုက်စစ်မှူး ဗာဒီ နေရာကို ဆက်ခံဖို့ တိုက်စစ်မှူးကောင်း ရှာဖွေနေပြီး အခြားအသင်းကြီးတွေ သေချာ မလှုပ်ရှားသေးခင် ဒါကာ အတွက် လက်ဦးမှု ယူဖို့ ကြံရွယ်နေပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီး ထိပ္သီးကလပ္ေတြျဖစ္တဲ့ လီဗာပူး ၊ ခ်ယ္ဆီး တို႔အျပင္ လတ္စတာစီးတီး အသင္းတို႔ဟာ ရက္ဘူး ဆဲလ္ဘတ္ တိုက္စစ္မႉး ပက္ဆန္ ဒါကာ ကို ဒီေႏြမွာ ေခၚယူဖို႔ေျပးလမ္းအတြင္း စိတ္ဝင္တစား ဝင္ေရာက္ ႀကိဳးပမ္းလာခဲ့ပါတယ္။

လွ်င္ျမန္သြက္လက္တဲ့ ဒါကာ က ဥေရာပ ရဲ႕ အလားအလာ အေကာင္းဆုံး လူငယ္တိုက္စစ္သမားေတြထဲ ပါဝင္ၿပီး တခ်ိန္မွာ ထြန္းေပါက္လာမယ့္ သူလို႔ အမ်ားက ေမွ်ာ္လင့္ျခင္း ခံထားရပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာ ဆဲလ္ဘတ္ အသင္း အတြက္ ဒါကာ က ၃၆ ပြဲ ကစားၿပီး ၂၉ ဂိုး သြင္းယူထားပါတယ္။

အဲဒီလို အစြမ္းျပေနေပမယ့္ ဒါကာရဲ႕ တန္ေၾကးကလည္း ေပါင္ ၁၇ သန္း ေလာက္နဲ႕ ရရွိနိုင္ဖြယ္ပါ ရွိေနတာပါ။ အသက္ ၂၂ ႏွစ္ အ႐ြယ္ တိုက္စစ္မႉးေလးနဲ႕ ၎ရဲ႕ အလားအလာေကာင္းေတြေၾကာင့္ ေဈးလည္း ခ်ိဳတဲ့ ဒါကာ ကို အားလုံးက စိတ္ဝင္စားေနၾကပါတယ္။

အဂၤလန္သို႔ ေျပာင္းေ႐ႊ႕ ကစားဖို႔ လမ္းဖြင့္ထားတဲ့ ဒါကာ ကို ခ်ယ္ဆီးနဲ႕ လီဗာပူး အသင္းတို႔ကလည္း စိတ္ဝင္စားေနၿပီး လက္စတာကပါ ေခၚယူလိုလာတာ ျဖစ္ပါတယ္။

လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာက အသက္ ၃၄ ႏွစ္ ရွိလာၿပီ ျဖစ္တဲ့ အသင္း တိုက္စစ္မႉး ဗာဒီ ေနရာကို ဆက္ခံဖို႔ တိုက္စစ္မႉးေကာင္း ရွာေဖြေနၿပီး အျခားအသင္းႀကီးေတြ ေသခ်ာ မလႈပ္ရွားေသးခင္ ဒါကာ အတြက္ လက္ဦးမႈ ယူဖို႔ ႀကံ႐ြယ္ေနပါတယ္။