Spots news

ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ နာဗက်စ်အတွက် အရစ်ကျပေးချေဖို့ ကမ်းလှမ်းနေတဲ့ အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ ရှာကာရဲ့နေရာ အစားထိုးဖို့အတွက် ကစားသမားစားရင်းမှာ ဝုဗ်ကွင်းလယ်လူ ပေါ်တူဂီ ကစားသမား နာဗက်စ်က

ထိပ်ဆုံးနေရာက ရှိနေပါတယ်။မန်နေဂျာဆန်တိုလက်အောက် ၄ နှစ်ကြာ ကစားခဲ့တဲ့ နာဗက်စ်ကလည်း ဒီနွေမှာ ဝုဗ်ကနေ ထွက်ခွာလိုကြောင်း သတင်းများ ထွက်ပေါ်နေသူပါ ။

ဝုဗ်ဘက်က နာဗက်စ်အတွက် အနည်းဆုံး ပေါင် သန်း ၄၀ တောင်းခံဖို့ရှိ‌နေပြီး မနှစ်တုန်းက ဂျိုတာကို လီဗာပူးအသင်းထံ ပေါင် ၄၅ သန်းဖြင့် ရောင်းချခဲ့စဉ်ကအတိုင်း အရစ်ကျ ပုံစံဖြင့် ငွေပေးချေခွင့် ပြုမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ ဂျိုတာကို ခေါ်ယူခဲ့စဉ်မှာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄.၁ သန်းပဲ ပေးရပြီး ကျန်ငွေကို နှစ်အလိုက် ထပ်ပေးဖို့ ညိနှိုင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်က နာဗက်စ်အတွက် အရစ်ကျဖြင့် ခေါ်ယူနိုင်ဖို့ အခွင့်အရေးရမယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဒါပေမယ့် ဝုဗ်ဘက်က သူတို့ရဲ့ ကစားသမား အချို့ကို

ရောင်းထုတ်ဖို့ ကြိုးစားလာခြင်းဟာ မန်နေဂျာသစ်ဖြစ်လာမယ့် Bruno Lage အတွက် အပြောင်းအရွေ့ အသုံးစရိတ်ဖြစ်လို့ ပထမအရစ်မှာ များများပေးရနိုင်ပါတယ်။

မာမာထန်ထန် ကစားနိုင်တဲ့ နာဗက်စ်ဟာ ပါတေးနှင့် တွဲဘက်ပြီး အာတီတာရဲ့ နည်းစနစ်မှာ အံဝင်နိုင်မယ့် ကစားသမား တစ်ဦးဖြစ်ပေမယ့် အာဆင်နယ်ဟာ

ကစားသမား ရောင်းထုတ်မှုတွေလည်း ရှိလာဦးမှာဖြစ်ပြီး ဗဟိုခံစစ်မှူးပြဿနာနဲ့ တိုက်စစ်ပြဿနာတွေကိုလည်း ဖြေရှင်းသွားရဦးမှာ ဖြစ်ပါတယ်။

အာဆငန်ယ်မှာ မစ်လန်နေး၊ ဝဲလ်လော့တို့ကလည် ဆက်ရှိနေဖို့ မသေချာသလို ကစားသမားသစ် ခေါ်ယူဖို့အတွက် အသင်းသားအချို့ကို

ရောင်းထုတ်သွားဖို့လည်း ရှိနေပါသေးတယ်။ အာဆင်နယ်ရဲ့ နောက်ထပ် ပစ်မှတ်ထဲမှာ ဘရိုက်တန်မှ ဘစ်ဆိုမားလည်း ပါဝင်နေသေးတာ ဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္း နည္းျပ အာတီတာဟာ ရွာကာရဲ႕ေနရာ အစားထိုးဖို႔အတြက္ ကစားသမားစားရင္းမွာ ဝုဗ္ကြင္းလယ္လူ ေပၚတူဂီ ကစားသမား နာဗက္စ္က ထိပ္ဆုံးေနရာက ရွိေနပါတယ္။မန္ေနဂ်ာဆန္တိုလက္ေအာက္ ၄ ႏွစ္ၾကာ ကစားခဲ့တဲ့ နာဗက္စ္ကလည္း ဒီေႏြမွာ ဝုဗ္ကေန ထြက္ခြာလိုေၾကာင္း သတင္းမ်ား ထြက္ေပၚေနသူပါ ။

ဝုဗ္ဘက္က နာဗက္စ္အတြက္ အနည္းဆုံး ေပါင္ သန္း ၄၀ ေတာင္းခံဖို႔ရွိ‌ေနၿပီး မႏွစ္တုန္းက ဂ်ိဳတာကို လီဗာပူးအသင္းထံ ေပါင္ ၄၅ သန္းျဖင့္ ေရာင္းခ်ခဲ့စဥ္ကအတိုင္း အရစ္က် ပုံစံျဖင့္ ေငြေပးေခ်ခြင့္ ျပဳမွာျဖစ္တယ္။ လီဗာပူးအသင္းဟာ ဂ်ိဳတာကို ေခၚယူခဲ့စဥ္မွာ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄.၁ သန္းပဲ ေပးရၿပီး က်န္ေငြကို ႏွစ္အလိုက္ ထပ္ေပးဖို႔ ညိႏွိုင္းနိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

အာဆင္နယ္က နာဗက္စ္အတြက္ အရစ္က်ျဖင့္ ေခၚယူနိုင္ဖို႔ အခြင့္အေရးရမယ္လို႔ ယုံၾကည္လ်က္ ရွိေနပါတယ္။ ဒါေပမယ့္ ဝုဗ္ဘက္က သူတို႔ရဲ႕ ကစားသမား အခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ ႀကိဳးစားလာျခင္းဟာ မန္ေနဂ်ာသစ္ျဖစ္လာမယ့္ Bruno Lage အတြက္ အေျပာင္းအေ႐ြ႕ အသုံးစရိတ္ျဖစ္လို႔ ပထမအရစ္မွာ မ်ားမ်ားေပးရနိုင္ပါတယ္။

မာမာထန္ထန္ ကစားနိုင္တဲ့ နာဗက္စ္ဟာ ပါေတးႏွင့္ တြဲဘက္ၿပီး အာတီတာရဲ႕ နည္းစနစ္မွာ အံဝင္နိုင္မယ့္ ကစားသမား တစ္ဦးျဖစ္ေပမယ့္ အာဆင္နယ္ဟာ ကစားသမား ေရာင္းထုတ္မႈေတြလည္း ရွိလာဦးမွာျဖစ္ၿပီး ဗဟိုခံစစ္မႉးျပႆနာနဲ႕ တိုက္စစ္ျပႆနာေတြကိုလည္း ေျဖရွင္းသြားရဦးမွာ ျဖစ္ပါတယ္။

အာဆငန္ယ္မွာ မစ္လန္ေနး၊ ဝဲလ္ေလာ့တို႔ကလည္ ဆက္ရွိေနဖို႔ မေသခ်ာသလို ကစားသမားသစ္ ေခၚယူဖို႔အတြက္ အသင္းသားအခ်ိဳ႕ကို ေရာင္းထုတ္သြားဖို႔လည္း ရွိေနပါေသးတယ္။ အာဆင္နယ္ရဲ႕ ေနာက္ထပ္ ပစ္မွတ္ထဲမွာ ဘရိုက္တန္မွ ဘစ္ဆိုမားလည္း ပါဝင္ေနေသးတာ ျဖစ္ပါတယ္။