Spots news

မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားကို‌ ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တဲ့ အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ အားနည်းနေတဲ့ ကွင်းလယ်ပြသနာကို ဖြေရှင်းဖို့အတွက် အသင်းမှာ ပုံမှန်နေရာမရ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူရန် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ဗြိတိန်အ‌ခြေစိုက် အားကစား သတင်းဌာန များက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ အေဂျက်ဇ်ကနေ ပေါင် သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့တဲ့နောက အသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ လတ်တလောမှာလည်း ဗန်ဒီဘိခ်ဟာ ဒဏ်ရာပြဿနာကြောင့် နယ်သာလန်အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်ခဲ့ရပြီး ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀−၂၀၂၁  ပရီးမီးယားလိဂ်ရာသီမှာလဲ ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး သွင်းဂိုး တစ်ဂိုးသာ ရရှိခဲ့သလို ဗီလာရီးရဲလ်ကိုရှုံးတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အရန်ခုံမှာပဲထိုင်နေခဲ့တဲ့ အတွက် ကစားသမားဟာ ပွဲထွက်ခွင့်ပေးမယ့် အသင်းကို ပြောင်းရွေ့ချင်နေပါတယ်။

အာဆင်နယ်အသင်းဟာ ရှာကာရဲ့နေရာကို အစားထိုးဖို့ ကွင်းလယ်ကစားသမား တစ်ဦးအလိုရှိနေသလို ဒန်နီဆီဘာလော့စ်ကို ရီးရဲလ်မက်ဒရစ်သို့ ပြန်လည် လက်လွှတ်ရဖို့ ရှိနေတာကြောင့် သရဲနီကစားသမား ဗန်ဒီဘိခ်ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။သို့ပေမယ့် မန်ယူနိုက်တက်ဘက်က ကစားသမားကို အငှားနဲ့သာ ထွက်ခွာခွင့် ပေးလာနိုင်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ အာဆင္နယ္အသင္းဟာ အားနည္းေနတဲ့ ကြင္းလယ္ျပသနာကို ေျဖရွင္းဖို႔အတြက္ အသင္းမွာ ပုံမွန္ေနရာမရ ျဖစ္ေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူရန္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း ၿဗိတိန္အ‌ေျခစိုက္ အားကစား သတင္းဌာန မ်ားက ဆိုပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ နယ္သာလန္လက္ေ႐ြးစင္ဟာ ေအဂ်က္ဇ္ကေန ေပါင္ သန္း ၄၀ နဲ႕ ေရာက္ရွိလာခဲ့တဲ့ေနာက အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။ လတ္တေလာမွာလည္း ဗန္ဒီဘိခ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ နယ္သာလန္အသင္းရဲ႕ လူစာရင္းကေန ႏႈတ္ထြက္ခဲ့ရၿပီး ယူရို ၂၀၂၀ ၿပိဳင္ပြဲနဲ႕ လြဲေခ်ာ္ခဲ့ရပါတယ္။

ဗန္ဒီဘိခ္ဟာ ၂၀၂၀−၂၀၂၁  ပရီးမီးယားလိဂ္ရာသီမွာလဲ ပရီးမီးယားလိဂ္မွာ ၄ ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး သြင္းဂိုး တစ္ဂိုးသာ ရရွိခဲ့သလို ဗီလာရီးရဲလ္ကိုရႈံးတဲ့ ယူရိုပါလိဂ္ဗိုလ္လုပြဲမွာလည္း အရန္ခုံမွာပဲထိုင္ေနခဲ့တဲ့ အတြက္ ကစားသမားဟာ ပြဲထြက္ခြင့္ေပးမယ့္ အသင္းကို ေျပာင္းေ႐ြ႕ခ်င္ေနပါတယ္။

အာဆင္နယ္အသင္းဟာ ရွာကာရဲ႕ေနရာကို အစားထိုးဖို႔ ကြင္းလယ္ကစားသမား တစ္ဦးအလိုရွိေနသလို ဒန္နီဆီဘာေလာ့စ္ကို ရီးရဲလ္မက္ဒရစ္သို႔ ျပန္လည္ လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ သရဲနီကစားသမား ဗန္ဒီဘိခ္ကိုေခၚယူဖို႔ စိတ္ဝင္စားလာတာျဖစ္ပါတယ္။သို႔ေပမယ့္ မန္ယူနိုက္တက္ဘက္က ကစားသမားကို အငွားနဲ႕သာ ထြက္ခြာခြင့္ ေပးလာနိုင္ပါတယ္။