Spots news

ယူရိုသန်း ၆၀ ဖြင့် အင်တာနောက်ခံလူ ဟာကီမီကို ကမ်းလှမ်းလိုက်တဲ့ ချယ်ဆီး

Unicode Version

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဟာ အင်တာမီလန် ညာအစွန်တောင်ပံသမား ဟာကီမီအတွက် ယူရို သန်း ၆၀ တန် စာချုပ်ကို

ပေးပို့ ကမ်းလှမ်းခဲ့ပြီဖြစ်ကြောင်း ဗြိတိန် နဲ့ အီတလီ အခြေစိုက် သတင်းဌာနများက အတည်ပြု ပြောကြား ထားပါတယ်။

Sky Italy က အတည်ပြုတဲ့ အဆိုပါ သတင်းမှာတော့ ချယ်ဆီးရဲ့ ကမ်းလှမ်းမှုဟာ ယူရို သန်း ၆၀ တန်ကြေးရှိတယ်လို့ သိရတယ်။ သို့ပေမယ့်

သူတို့ရဲ့ ကမ်းလှမ်းမှုက ငွေသားသီးသန့် မဟုတ်ဘဲ အီမာဆန် (သို့) ခရစ်စတန်ဆန် တစ်ဦးဦးကို အလိုက်ပေး ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။

အင်တာမီလန်ဘက်က ကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ဒီနွေမှာ ကစားသမားအချို့ကို ရောင်းထုတ်ရဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီကလည်း ယူရို သန်း ၆၀ ဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပြီး အင်တာမီလန်ဘက်ကတော့

ယူရို သန်း ၈၀ ထိ လိုအပ်နေတယ်။ ဟာကီမီကို ရောင်းထုတ်ခဲ့ပြီးရင် အစားထိုးစရာ ကစားသမားသစ် ခေါ်ယူရဦးမယ့် အင်တာကတော့ အီမာဆန်ကို အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူမယ့်အစား အငှားဖြင့်ပဲ ခေါ်ယူလိုနေပါတယ်။

နာမည်ကြီး သတင်းထောက် Fabrizio Romano က ” ပီအက်စ်ဂျီက အင်တာမီလန်ကနေ ဟာကီမီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်တယ်။ ဈေးနှုန်း ယူရို သန်း ၈၀ ထိ သတ်မှတ်ခံထားရတဲ့ ဟာကီမီကို ခေါ်ယူဖို့

ချယ်ဆီးကလည်း စိတ်ဝင်စားနေတယ်။ ချယ်ဆီးဟာ ဝုဗ်အသင်းမှ အစွန်တောင်ပံသမား ထရာအိုရေးကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတယ် ” လို့ ဖော်ပြထားခဲ့ပါတယ်။

နည်းပြတူချယ်ဟာ ချယ်ဆီးအတွက် ဝက်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်၊ ညာခြမ်းအတွက် ဟာကီမီ (သို့) ထရာအိုရေး၊ အထောင်တိုက်စစ်အတွက် ဟာလန်း (သို့) လူကာကူတို့ကို ခေါ်ယူလို‌ နေပါတယ် ။

နွေမှာ အေဘရာဟမ်၊ အီမာဆန်၊ ခရစ်စတန်ဆန်၊ အိုဒွိုင်းလို ကစားသမားတွေကို ရောင်းထုတ်အပြင် အငှားချထားတဲ့ အသင်းသားအချို့ကို ရှင်းထုတ်နိုင်ဖို့လည်း ကြိုးစားနေသေးတာဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းဟာ အင္တာမီလန္ ညာအစြန္ေတာင္ပံသမား ဟာကီမီအတြက္ ယူရို သန္း ၆၀ တန္ စာခ်ဳပ္ကို ေပးပို႔ ကမ္းလွမ္းခဲ့ၿပီျဖစ္ေၾကာင္း ၿဗိတိန္ နဲ႕ အီတလီ အေျခစိုက္ သတင္းဌာနမ်ားက အတည္ျပဳ ေျပာၾကား ထားပါတယ္။

Sky Italy က အတည္ျပဳတဲ့ အဆိုပါ သတင္းမွာေတာ့ ခ်ယ္ဆီးရဲ႕ ကမ္းလွမ္းမႈဟာ ယူရို သန္း ၆၀ တန္ေၾကးရွိတယ္လို႔ သိရတယ္။ သို႔ေပမယ့္ သူတို႔ရဲ႕ ကမ္းလွမ္းမႈက ေငြသားသီးသန႔္ မဟုတ္ဘဲ အီမာဆန္ (သို႔) ခရစ္စတန္ဆန္ တစ္ဦးဦးကို အလိုက္ေပး ကမ္းလွမ္းခဲ့ျခင္းျဖစ္ပါတယ္။

အင္တာမီလန္ဘက္က ကလပ္ရဲ႕ ဘ႑ာေရး အေျခအေနေၾကာင့္ ဒီေႏြမွာ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ရဖို႔ ရွိေနတာပါ။ ပီအက္စ္ဂ်ီကလည္း ယူရို သန္း ၆၀ ျဖင့္ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အင္တာမီလန္ဘက္ကေတာ့

ယူရို သန္း ၈၀ ထိ လိုအပ္ေနတယ္။ ဟာကီမီကို ေရာင္းထုတ္ခဲ့ၿပီးရင္ အစားထိုးစရာ ကစားသမားသစ္ ေခၚယူရဦးမယ့္ အင္တာကေတာ့ အီမာဆန္ကို အၿပီးသတ္စာခ်ဳပ္ျဖင့္ ေခၚယူမယ့္အစား အငွားျဖင့္ပဲ ေခၚယူလိုေနပါတယ္။

နာမည္ႀကီး သတင္းေထာက္ Fabrizio Romano က ” ပီအက္စ္ဂ်ီက အင္တာမီလန္ကေန ဟာကီမီကို ေခၚယူနိုင္ဖို႔ ႀကိဳးစားေနရဆဲျဖစ္တယ္။ ေဈးႏႈန္း ယူရို သန္း ၈၀ ထိ သတ္မွတ္ခံထားရတဲ့ ဟာကီမီကို ေခၚယူဖို႔

ခ်ယ္ဆီးကလည္း စိတ္ဝင္စားေနတယ္။ ခ်ယ္ဆီးဟာ ဝုဗ္အသင္းမွ အစြန္ေတာင္ပံသမား ထရာအိုေရးကို ေခၚယူဖို႔လည္း စိတ္ဝင္စားေနတယ္ ” လို႔ ေဖာ္ျပထားခဲ့ပါတယ္။

နည္းျပတူခ်ယ္ဟာ ခ်ယ္ဆီးအတြက္ ဝက္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္၊ ညာျခမ္းအတြက္ ဟာကီမီ (သို႔) ထရာအိုေရး၊ အေထာင္တိုက္စစ္အတြက္ ဟာလန္း (သို႔) လူကာကူတို႔ကို ေခၚယူလို‌ ေနပါတယ္ ။

ေႏြမွာ ေအဘရာဟမ္၊ အီမာဆန္၊ ခရစ္စတန္ဆန္၊ အိုဒြိုင္းလို ကစားသမားေတြကို ေရာင္းထုတ္အျပင္ အငွားခ်ထားတဲ့ အသင္းသားအခ်ိဳ႕ကို ရွင္းထုတ္နိုင္ဖို႔လည္း ႀကိဳးစားေနေသးတာျဖစ္ပါတယ္။