Spots news

ဆန်ချိုရောက်လာရင် ပွဲထွက်ခွင့်မရနိုင်မှန်းသိပေမယ့် ယူနိုက်တက်မှာပဲ ဆက်ရှိနေလိုသူ လင်ဂတ်

Unicode Version

ဝက်စ်ဟမ်းအသင်းကို အငှားသွားရောက် ကစားနေတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်က သူ့အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်လက် နေထိုင်လိုကြောင်း နည်းပြဆိုးလ်ရှားကို အသိပေးထားပါတယ်။

လင်ဂတ် ဟာ ပြီးခဲ့တဲ့ရာသီ ပထမနှစ်ဝက်တုန်းက မန်ချက်စတာယူနိုက်တက် အသင်းမှာ ပုံမှန်ကစားခွင့်မရခဲ့တာကြောင့် ဇန်နဝါရီမှာ ဝက်စ်ဟမ်း အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

လင်ဂတ် ဟာ ဝက်စ်ဟမ်း အသင်းကို ရောက်တဲ့ အချိန်မှာ အကောင်းဆုံးခြေစွမ်းကို ပြန်လည် ပြသနိုင်ခဲ့ပြီး သူပါဝင်ကစားခဲ့တဲ့ (၁၆)ပွဲမှာ (၉)ဂိုးသွင်းယူပြီး (၅)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်း ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။အဲဒါကြောင့် ဝက်စ်ဟမ်း အသင်းက လင်ဂတ် ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

လင်ဂတ်က သူယူနိုက်တက်မှာ ဆက်နေချင်တဲ့ ဆန္ဒကိုသူ့ရဲ့သူငယ်ချင်းတွေ နဲ့ အသင်းဖော်တွေကိုလဲ ကိုပြောဆိုထားကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ

သရဲနီအသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လ ကျန်သေးပေမယ့် အသင်းက သူ့ကို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ဆန်ချိုကို ခေါ်ယူဖို့အသည်းအသန် ကြိုးစားနေပြီး တကယ်လို့ ဆန်ချိုသာ ရောက်လာမယ်ဆိုရင် လင်ဂတ်အနေနဲ့ ယူနိုက်တက်မှာ ဆက်ရှိလည်း ပွဲကစားခွင့်ပိုမိုနည်းပါးသွားနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမားကို ဘောလုံး အရေးဝေဖန်သုံးသပ်သူတွေ နဲ့ ကစားသမားဟောင်းတွေကတော့ ယူနိုက်တက်မှာ

ဆက်မနေဘဲ အသင်းပြောင်းစေချင်ကြပါတယ်။ ဒါမှသာ လင်ဂတ်ရဲ့ အနာဂတ် ကစားသမားဘ၀ ပိုမို ကောင်းမွန်မယ်လို့ သူတို့ကယူဆထားကြတာပါ။

Zawgyi Version








