Spots news

လီဗာပူးမှာလက်တွဲဖူးတဲ့ ကော်တင်ဟိုကို လတ်စတာသို့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နည်းပြရော်ဂျာ

Unicode Version

လက်စတာစီးတီး အသင်းကတော့ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ ကစားသမားဟောင်း ကော်တင်ဟိုကို နွေစျေးကွက်အတွင်းမှာ

ကမ်းလှမ်းမှုတွေ လုပ်ဆောင်ပြီး သူခြေစွမ်းပြသခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို ပြန်လည်ရောက်ရှိလာဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်

လီဗာပူးအသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာ အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာမှာ ရုန်းကန်နေခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ် အသင်းဆီကို

တစ်ရာသီအငှားနဲ့ သွားရောက် ကစားခဲ့သူပါ။ လက်ရှိမှာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး ဘရာဇီးအသင်းရဲ့ ကိုပါအမေရိက ပြိုင်ပွဲကိုပါ လွဲချော်ထားခဲ့ရပါတယ်။

တစ်ချိန်က စံချိန်တင် ပြောင်းရွေ့ကြေးတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကော်တင်ဟိုရဲ့တန်ကြေးတွေက ယူရို(၃၃)သန်းလောက် အထိကို ကျဆင်းသွားကာ ဘာစီလိုနာ အနေနဲ့လဲ

တစ်ပတ်ကို ယူရို(၃)သိန်းခွဲ နီးပါးလောက် ပေးချေနေရပြီး လီဗာပူးကိုလဲ ပေးချေစရာ ကျန်နေသေးလို့ ခြေစွမ်းမပြနိုင်တဲ့ ကော်တင်ဟိုကို အပြီးသတ် ရောင်းထုတ် သွားချင်နေပါတယ်။

ကော်တင်ဟိုကို လက်စတာ အဲဗာတန်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း အလိုရှိနေကြပေမယ့် ဒီအသင်းတွေထဲမှာ လက်စတာ အသင်းကသာ ဥရောပဝင်ခွင့်ကို ရရှိထားတာ ဖြစ်တဲ့အပြင်

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျ ာမှာလည်း အသင်းဟောင်း လီဗာပူးလ်မှာ ကော်တင်ဟိုနဲ့ လက်တွဲခဲ့ဖူးတာဖြစ်လို့ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ရမှာ အဆင်ပြေဖွယ် ရှိနိုင်ပါတယ်။

ရော်ဂျာနဲ့ ကော်တင်ဟိုတို့ဟာ လီဗာပူးအသင်းမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘောလုံးရာသီက ဆိုရင်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ပါ အနီးစပ်ဆုံး

အခြေအနေအထိကို ရောက်ရှိခဲ့ပါသေးတယ်။ ထို့ကြောင့် လက်စတာအသင်းမှာ ဆရာတပည့်နှစ်ယောက် တစ်ဖန်ပြန်လည် တောက်ပဦးမလားဆိုတာ  စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

Zawgyi Version

လက္စတာစီးတီးအသင္းကေတာ့ ဘာစီလိုနာအသင္းမွာ ႐ုန္းကန္ေနရတဲ့ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းရဲ႕ ကစားသမားေဟာင္း ေကာ္တင္ဟိုကို ေႏြေစ်းကြက္အတြင္းမွာ

ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ၿပီး သူေျခစြမ္းျပသခဲ့တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီကို ျပန္လည္ေရာက္ရွိလာဖြယ္ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

လီဗာပူးအသင္းရဲ႕ အဓိက ကစားသမား ျဖစ္ခဲ့တဲ့ ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၄၅)သန္းနဲ႕ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဘာစီလိုနာမွာ ႐ုန္းကန္ေနခဲ့ရတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အသင္းဆီကို

တစ္ရာသီအငွားနဲ႕ သြားေရာက္ကစားခဲ့သူပါ။ လက္ရွိမွာလည္း ဒူးဒဏ္ရာေၾကာင့္ အနားယူေနရၿပီး ဘရာဇီးအသင္းရဲ႕ ကိုပါအေမရိကၿပိဳင္ပြဲကိုပါ လြဲေခ်ာ္ထားခဲ့ရပါတယ္။

တစ္ခ်ိန္ကစံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကးေတြ ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေကာ္တင္ဟိုရဲ႕တန္ေၾကးေတြက ယူရို(၃၃)သန္းေလာက္အထိကို က်ဆင္းသြားကာ ဘာစီလိုနာ အေနနဲ႕လဲ

တစ္ပတ္ကို ယူရို(၃)သိန္းခြဲနီးပါးေလာက္ ေပးေခ်ေနရၿပီး လီဗာပူးကိုလဲ ေပးေခ်စရာ က်န္ေနေသးလို႔ ေျခစြမ္းမျပနိုင္တဲ့ ေကာ္တင္ဟိုကို အၿပီးသတ္ေရာင္းထုတ္သြားခ်င္ေနပါတယ္။

ေကာ္တင္ဟိုကို လက္စတာ အဲဗာတန္နဲ႕ အာဆင္နယ္တို႔လို ပရီးမီးယားလိဂ္ ကလပ္အသင္းေတြကလည္း အလိုရွိေနၾကေပမယ့္ ဒီအသင္းေတြထဲမွာ လက္စတာအသင္းကသာ ဥေရာပဝင္ခြင့္ကို ရရွိထားတာျဖစ္တဲ့အျပင္

လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာမွာလည္း အသင္းေဟာင္း လီဗာပူးလ္မွာ ေကာ္တင္ဟိုနဲ႕ လက္တြဲခဲ့ဖူးတာျဖစ္လို႔ ကမ္းလွမ္းမႈေတြကို လုပ္ေဆာင္ရမွာ အဆင္ေျပဖြယ္ ရွိနိုင္ပါတယ္။

ေရာ္ဂ်ာနဲ႕ ေကာ္တင္ဟိုတို႔ဟာ လီဗာပူးအသင္းမွာ လက္တြဲခဲ့ဖူးသူေတြ ျဖစ္ခဲ့ၿပီး ၂၀၁၃-၂၀၁၄ ေဘာလုံးရာသီကဆိုရင္လည္း ပရီးမီးယားလိဂ္ ခ်န္ပီယံဆုနဲ႕ပါ အနီးစပ္ဆုံး

အေျခအေနအထိကို ေရာက္ရွိခဲ့ပါေသးတယ္။ ထို႔ေၾကာင့္ လက္စတာအသင္းမွာ ဆရာတပည့္ႏွစ္ေယာက္ တစ္ဖန္ျပန္လည္ေတာက္ပဦးမလားဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနရပါတယ္။