Spots news

စတာလင်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းဟောင်း လီဗာပူး

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီးအသင်းဖြစ်တဲ့ အသင်းဟာ မန်စီးတီးအသင်းကို ပြောင်းရွေ့သွားတဲ့ ကစားသမားဟောင်းဖြစ်သူ စတာလင်ကို ပြန်လည်ခေါ်ယူရန်

စိတ်ဝင်စားလျက်ရှိနေပြီး လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ရဲ့ တာဝန်ရှိသူတွေ  ဆွေးနွေးလျက်ရှိကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာများက ရေးသားဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စတာလင်ဟာ မန်စီးတီးအသင်းတွင် အနာဂတ်မ တည်မငြိမ်ဖြစ်နေပြီး ယခုနွေရာသီ၌ အသင်းပြောင်းရန် စဉ်းစားနေကြောင်း သတင်းများက

ဖော်ပြထားပါတယ်။ ထို့ကြောင့် လီဗာပူးအသင်းတာဝန်ရှိသူများက စတာလင်အား ပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားနေ ခြင်းဖြစ်ကြောင်း သိရပါတယ်။

စတာလင်ဟာ ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရာမှာ ရာသီအစောပိုင်း ကာလများမှာသာ ပုံမှန်ကစားခွင့်ရခဲ့ပြီး အဓိက အစိတ်အပိုင်းအဖြစ် ရှိနေခဲ့သော်လည်း ရာသီပိတ်ပွဲစဉ်များ၌ အရန်ခုံတွင်သာ အဓိက အချိန်ဖြုန်းခဲ့ရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီအတွင်းက အင်တာဗျူးတစ်ခုမှာ စတာလင်က ၎င်းင်းအနေဖြင့် လီဗာပူးအသင်းသို့ ပြန်သွားနိုင်ကြောင်း၊ လီဗာပူးအ သင်းအား ယခုအချိန်အထိ ချစ်မြတ်နိုး ဆဲဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

”ကျွန်တော် လီဗာပူးကို ပြန် သွားနိုင်သလားဆိုတဲ့ မေးခွန်းအတွက် အဖြေပေးရမယ်ဆိုရင် ကျွန်တော် ဒီ အသင်းကို အခုအချိန်အထိ ချစ်မြတ် နိုးဆဲပါ။

ဒီအသင်းဟာ ကျွန်တော့်နှ လုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို မြေ တောင်မြှောက်ပေးခဲ့တဲ့ အသင်းပါ” ဟု စတာလင်က ပြောဆိုခဲ့ခြင်းဖြစ် သည်။

အသက် (၂၆)နှစ်အ ရွယ်ရှိပြီဖြစ်တဲ့  စတာလင်ဟာ လီဗာပူးအသင်းမှာ လူငယ်ကစားသမားအဖြစ် ကစား ခဲ့ရာမှ ပရော်ဖက်ရှင်နယ်ကစားသ မားဘဝ စတင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် မန်ချက်းစတာ စီးတီးအသင်းသို့ ပြောင်း ရွှေ့လာသူဖြစ်ပါတယ်။

Zawgyi Version





